Artists: Unknown author
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါ၊ ဤချစ်သူငယ်များကို၊ ကိုယ်တော်ပေးရှာ၊ အနန္တမေတ္တာဖြင့်၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ ကမ္ဘာထွန်းလင်းလှပ၊ ပျော်ရွှင်သောခါ၊ လမ်းလွဲမှားခြင်းတို့မှ၊ ကယ်တော်မူပါ၊ စုံစမ်းခြင်းဘေးရန်မှ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊...
Download the app for full lyrics and more...
ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါ၊ ဤချစ်သူငယ်များကို၊ ကိုယ်တော်ပေးရှာ၊ အနန္တမေတ္တာဖြင့်၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ ကမ္ဘာထွန်းလင်းလှပ၊ ပျော်ရွှင်သောခါ၊ လမ်းလွဲမှားခြင်းတို့မှ၊ ကယ်တော်မူပါ၊ စုံစမ်းခြင်းဘေးရန်မှ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ ငယ်သောသူများတို့ပင်၊ သူငယ်ဖြစ်လာ၊ ပြစ်များသောကမ္ဘာမှာ၊ ပြစ်ကင်းစေပါ၊ ကိုယ်တော်ကျွန်ုပ်ဆုတောင်း၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။ ယုံကြည်ခြင်းမှိန်သော်လည်း၊ ယုံကြည်နေမည်၊ ကိုယ်တော်ဆုကျေးဇူးကို၊ ခုလက်ခံမည်၊ သိမ်းယူပါနှလုံးများ၊ ကိုယ်တော်ထံသို့ပို့ဆောင်၊ ပို့ဆောင်မူပါအရှင်၊ ထံတော်ပို့ဆောင်။