Artists: Eliza Hewitt
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ယေရှုအံ့ဖွယ်မေတ္တာတော်နှင့်၊ ကျေးဇူးကရုဏာချီးမွမ်း၊ ထွန်းတောက်အိမ်မင်္ဂလာရှိမှာ၊ နေရာများပြင်ဆင်လျက်ထား။ ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။ ဘုရားဖူးလမ်းလျှောက်သွားစဉ်ခါ၊ ကောင်းကင်မိုးတိမ်များကွယ်လာ၊...
Download the app for full lyrics and more...
ယေရှုအံ့ဖွယ်မေတ္တာတော်နှင့်၊ ကျေးဇူးကရုဏာချီးမွမ်း၊ ထွန်းတောက်အိမ်မင်္ဂလာရှိမှာ၊ နေရာများပြင်ဆင်လျက်ထား။ ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။ ဘုရားဖူးလမ်းလျှောက်သွားစဉ်ခါ၊ ကောင်းကင်မိုးတိမ်များကွယ်လာ၊ ခရီးလမ်းဆုံးနေ့များလွန်သွား၊ မှောင်ရိပ်ညည်းတွားမရှိရာ။ ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။ နေ့စဉ်ကိုးစားဆက်ကပ်သက်ရှင်၊ မှန်ကန်ယုံကြည်ခြင်း၌တည်၊ ဘုန်းတော်ခဏမျှမြင်ရလျှင်၊ ပင်ပန်းရာပျော်ရွှင်နိုင်မှာ။ ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။ ရှေ့မှာဆုလာဘ်မရောက်မီတိုင်၊ မကြာမီတင့်တယ်ခြင်းဖို့၊ ပုလဲတံခါးဖွင့်မည်မကြာ၊ လျှောက်လှမ်းသွားမည်ရွှေစင်လမ်း။ ကောင်းကင်ကိုရောက်ရှိချိန်ခါ၊ မည်မျှဝမ်းသာပျော်ရွှင်နေ့ဖြစ်မည်နည်း၊ ယေရှုအားဖူးတွေ့မည်၊ အောင်မြင်ခြင်းဟစ်ကြွေးသီဆိုမည်။