Artists: Eliza Hewitt
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လမ်းတစ်လျှောက်ငါတို့ပျော်ရွှင်စွာသီဆိုသွားကြ၊ မကြာမီအိမ်တော်သို့သွားကြမည်၊ ထာဝရနေ့ရောက်ညဉ့်မှောင်ရိပ်များပျောက်ကွယ်ရ၊ မကြာမီအိမ်တော်သို့သွားကြမည်။ မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။...
Download the app for full lyrics and more...
လမ်းတစ်လျှောက်ငါတို့ပျော်ရွှင်စွာသီဆိုသွားကြ၊ မကြာမီအိမ်တော်သို့သွားကြမည်၊ ထာဝရနေ့ရောက်ညဉ့်မှောင်ရိပ်များပျောက်ကွယ်ရ၊ မကြာမီအိမ်တော်သို့သွားကြမည်။ မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။ ကိုယ်တော်ရှင်အပ်ထားမှုရှိသမျှဆောင်ရွက်စို့၊ မကြာမီအိမ်တော်သို့သွားကြမည်၊ ကျေးဇူးတော်မြတ်ဖြင့်နေ့စဉ်ခွန်အားရရှိဖို့၊ မကြာမီအိမ်တော်သို့သွားကြမည်။ မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။ ခရီးပန်းသူများအတွက်လမ်းပြင်ပေးလတ္တံ့၊ မကြာမီအိမ်တော်သို့သွားကြမည်၊ မေတ္တာရှင်သခင်ကရုဏာနှင့်စောင့်ရှောက်အံ့၊ မကြာမီအိမ်တော်သို့သွားကြမည်။ မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။ စိုးရိမ်ခြင်းအပေါင်းတို့မှချမ်းသာရကြရာ၊ မကြာမီအိမ်တော်သို့သွားကြမည်၊ လှပထွန်းတောက်မြို့တော်တွင် မျက်ရည်ကင်းရှင်းပါ၊ မကြာမီအိမ်တော်သို့သွားကြမည်။ မကြာမီကာလ၊ မကြာမီကာလ၊ လှိုင်းတံပိုးကျော်သွားကြမည်၊ မုန်တိုင်းလွန်သွားလျှင်အားလုံးနောင်ခါတွေ့ဆုံကြ၊ မကြာမီအိမ်တော်သို့သွားကြမည်။