Artists: James Lawson Elginburg
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ အရပ်ရပ်သို့ရောက်သော်လည်း၊ ကြွသောလမ်းရှိသမျှလိုက်မည်၊ သခင်နောက်တော်လိုက်ပါမည်။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။ လမ်း၌ကျောက်ခဲဆူးတွေ့သော်လည်း၊ ပင်လယ်ကဲ့သို့ခြေရာကင်း၊...
Download the app for full lyrics and more...
ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ အရပ်ရပ်သို့ရောက်သော်လည်း၊ ကြွသောလမ်းရှိသမျှလိုက်မည်၊ သခင်နောက်တော်လိုက်ပါမည်။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။ လမ်း၌ကျောက်ခဲဆူးတွေ့သော်လည်း၊ ပင်လယ်ကဲ့သို့ခြေရာကင်း၊ ဤလမ်းကိုကိုယ်တော်လျှောက်သတည်း၊ နောက်တော်သို့ဝမ်းမြောက်စွာချဉ်း။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။ ဒုက္ခသွေးဆောင်စုံစမ်းပါစေ၊ ကျွန်ုပ်များစွာတွေ့သော်လည်း၊ သွေးဆောင်ခံတော်မူခြင်းအောက်မေ့၊ သာယာစွာနောက်တော်လိုက်မည်။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။ ငါသည်ညှဉ်းဆဲဒုက္ခလမ်းတွင်၊ ဆင်းရဲစွန့်ပစ်ခြင်းခံစဉ်၊ ကိုယ်တော်နောက်ခိုကိုးရာမဲ့ငြား၊ ကိုယ်တော်နောက်သာလိုက်ပါမည်။ ကယ်တင်ရှင်နောက်တော်လိုက်ပါမည်၊ ကျွန်ုပ်တွက်သွေးတော်သွန်းပြီ၊ လူအပေါင်းစွန့်ပစ်ငြားသော်လည်း၊ ကျေးဇူးတော်ဖြင့်လိုက်ပါမည်။