Artists: George Duffield Jr
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ထွက်ကြယေရှုဖို့တိုက်ကြ၊ ကပ်တိုင်စစ်သူရဲများ၊ အလံတော်ကိုချီမြှောက်ကြ၊ ရှုံးခြင်းမခံစေသား၊ အောင်မြင်ခြင်းမှအောင်သည့်တိုင်၊ တပ်တော်ဆောင်ပို့မူမည်၊ ရန်သူတိုင်းရှုံးနိမ့်သည့်တိုင်၊ ဗိုလ်ချုပ်ယေရှုလိုက်မည်။ ထွက်ကြယေရှုဖို့တိုက်ကြ၊ တံပိုးမှုတ်သံနားထောင်၊ စစ်ပွဲတွင်တိုက်ရန်ချီကြ၊ ဤနေ့တွင်စစ်ပွဲအောင်၊...
Download the app for full lyrics and more...
ထွက်ကြယေရှုဖို့တိုက်ကြ၊ ကပ်တိုင်စစ်သူရဲများ၊ အလံတော်ကိုချီမြှောက်ကြ၊ ရှုံးခြင်းမခံစေသား၊ အောင်မြင်ခြင်းမှအောင်သည့်တိုင်၊ တပ်တော်ဆောင်ပို့မူမည်၊ ရန်သူတိုင်းရှုံးနိမ့်သည့်တိုင်၊ ဗိုလ်ချုပ်ယေရှုလိုက်မည်။ ထွက်ကြယေရှုဖို့တိုက်ကြ၊ တံပိုးမှုတ်သံနားထောင်၊ စစ်ပွဲတွင်တိုက်ရန်ချီကြ၊ ဤနေ့တွင်စစ်ပွဲအောင်၊ တပ်တော်တွင်စစ်မှုထမ်းကြ၊ ရန်သူတို့များပြားပါ၊ ဘေးရောက်သည့်ခါရဲရင့်မှာ၊ အားချင်းဆိုင်၍တိုက်ကြ။ ထွက်ကြယေရှုဖို့တိုက်ကြ၊ ကိုယ်တော်မြတ်အားနှင့်သာ၊ သင်၏အားကိုကိုးစားက၊ ဧကန်ရှုံးမည်မှတ်ပါ၊ ဧဝံဂေလိဒိုင်းလွှားဆောင်၊ ဆုတောင်းလျက်စောင့်နေပါ၊ တာဝန်ချပေးသော်ရွက်ဆောင်၊ အစဉ်အသင့်ရှိရာ။ ထွက်ကြယေရှုဖို့တိုက်ကြ၊ တိုက်ခြင်းမကြာစေရာ၊ ယနေ့တိုက်ခိုက်သံကြားရ၊ နက်ဖြန်အောင်သံကျူးမှာ၊ အောင်မြင်လေသောစစ်သားအား၊ သက်သရဖူပေးမည်၊ ဘုန်းကြီးဘုရင်၏အပါး၊ အစဉ်စိုးစံရမည်။