Artists: William B. Bradbury (1816-1868), Philip P. Bliss, 1838-1876
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ခရစ်ယာန်နိုးလော့၊ သခင်မိန့်တော်ဖြစ်ပေ၊ သံခမောက်ဒိုင်းလွှားနှင့်ဓါးများလက်စွဲလေ၊ မာရ်နတ် နှင့်ပြိုင်ရန်ရဲရင့်စွာချီတက်ကြ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။ ဘေးနှင့်ကြုံကြိုက်သော်သတိပြုဖို့ရန်မှာ၊ နောက်သို့မလှည့်ရာကွယ်ကာရာမရှိပါ၊...
Download the app for full lyrics and more...
ခရစ်ယာန်နိုးလော့၊ သခင်မိန့်တော်ဖြစ်ပေ၊ သံခမောက်ဒိုင်းလွှားနှင့်ဓါးများလက်စွဲလေ၊ မာရ်နတ် နှင့်ပြိုင်ရန်ရဲရင့်စွာချီတက်ကြ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။ ဘေးနှင့်ကြုံကြိုက်သော်သတိပြုဖို့ရန်မှာ၊ နောက်သို့မလှည့်ရာကွယ်ကာရာမရှိပါ၊ ထောင်သောင်းသောမှောင်တပ်ကိုသင်အောင်လိုမူက၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။ သခင်အမှုကိုစိတ်အားကြီးစွာခုခံ၊ စိတ်ထက်သန်လျက်စောင့်အဆုံးတိုင်အောင်တိုက်လှန်၊ ကိုယ်တော်ရှေ့ဆောင်လျှင်စွမ်းသတ္တိနှင့်တက်ရ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။ သင့်ဗိုလ်ချုပ်နီး၏ကျေးဇူးပြုတော်မူမည်၊ ယုံမှားကင်းလျက်တိုးနှစ်သိမ့်ဝမ်းသာစေမည်၊ မေတ္တာတော်ကန္တာရတွင်မြစ်လိုစီးကျ၊ သူရဲကဲ့သို့ရပ်ရန်သူဘက်သို့လှည့်ကြ။ သူရဲကဲ့သို့၊ ရပ်တန့်နေလျက်၊ သူရဲကဲ့သို့၊ ရန်သူဘက်မျက်နှာလှည့်။