Artists: John Henry Yates
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
အလင်းတော်တောင်တစ်လျှောက်တပ်ချ၊ ခရစ်ယာန်စစ်သည်ထ၊ နေရောင်မကွယ်မီညဉ့်အစ၊ စစ်ပွဲသို့ချီတက်ကြ၊ ချိုင့်အောက်ရှိရန်သူများတို့အား စွမ်းအားရှိတိုက်ကြရာ၊ လောကကိုအောင်ခြင်းအရာမှာ၊ ယုံကြည်ခြင်းသာဖြစ်ပါ။ ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။...
Download the app for full lyrics and more...
အလင်းတော်တောင်တစ်လျှောက်တပ်ချ၊ ခရစ်ယာန်စစ်သည်ထ၊ နေရောင်မကွယ်မီညဉ့်အစ၊ စစ်ပွဲသို့ချီတက်ကြ၊ ချိုင့်အောက်ရှိရန်သူများတို့အား စွမ်းအားရှိတိုက်ကြရာ၊ လောကကိုအောင်ခြင်းအရာမှာ၊ ယုံကြည်ခြင်းသာဖြစ်ပါ။ ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။ ကိုယ်တော်အောင်လံမေတ္တာဖြစ်သည်၊ ကျမ်းစာကျွန်ုပ်ဓါးတည်း၊ သန့်ရှင်းသူတို့နင်းသောလမ်းကို၊ အောင်လံများနှင့်လျှောက်လို၊ ယုံကြည်ခြင်းအားဖြင့် သူတို့သည်လေပြင်းကဲ့သို့အောင်သည်၊ သေမင်းကိုအောင်သည်ယုံကြည်သူ၊ ငါတို့ဒိုင်းလွှားဖြစ်မူ။ ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။ ရန်သူများကိုရပ်တိုင်းတွေ့မှာ၊ ကြောက်မက်ဖွယ်စီတန်းနေ၊ ပေါ့လျော့ခြင်းများစွန့်လွှတ်ထားပါ၊ စစ်ပွဲသို့ချီတက်လေ၊ ကယ်တင်ခြင်းသံခမောက်ဆောင်းပါသစ္စာခါးပန်းစည်းလေ၊ ငါတို့ခြေသံကြွေးကြော်သံမှာ၊ မြေကြီးပဲ့တင်ခတ်စေ။ ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။ ရန်သူကိုအောင်မြင်သောသူအား၊ ဖြူဝတ်ရုံကိုပေးမည်၊ ကောင်းကင်တမန်အပေါင်းရှေ့တွင်၊ သူ့နာမဖော်ပြမည်၊ အလင်းတောင်မှရှေ့သို့တိုးတက်မေတ္တာစိတ်ရွှင်လန်းရ၊ ယေရှုအောင်မြင်နာမတော်မြတ်၊ ညတပ်ကိုအောင်မြင်ကြ။ ယုံခြင်းသည်အောင်ခြင်းတည်း၊ ယုံခြင်းသည်အောင်ခြင်းတည်း၊ အိုဘုန်းကြီးသောအောင်ခြင်းသည်၊ လောကကိုအောင်ခြင်းတည်း။