Artists: Uriah Smith
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ညီတော်သစ္စာစောင့် ယေရှုကြွလာလိမ့်မည်၊ ကျွန်ုပ်တို့ကြာစွာမျှော်နေသူ၊ ဘုန်းရှိအိမ်တော်သို့မကြာမီဝင်ရမည်၊ အောင်ပွဲတွင်ကျူးအေးပါဝင်သူ၊ ညီတော်သစ္စာစောင့်၊ ဘာကြောင့်ကျွန်ုပ်တို့သည်၊ ကိုယ်တော်အားသစ္စာမဲ့သနည်း၊ အကြွင်းမဲ့မဟာမေတ္တာပြတော်မူသည်၊ ရွေးနုတ်ရန်သေခံမူသတည်း။ ညီတော်သစ္စာစောင့်၊ သန့်ရှင်းသူတို့အဖို့၊...
Download the app for full lyrics and more...
ညီတော်သစ္စာစောင့် ယေရှုကြွလာလိမ့်မည်၊ ကျွန်ုပ်တို့ကြာစွာမျှော်နေသူ၊ ဘုန်းရှိအိမ်တော်သို့မကြာမီဝင်ရမည်၊ အောင်ပွဲတွင်ကျူးအေးပါဝင်သူ၊ ညီတော်သစ္စာစောင့်၊ ဘာကြောင့်ကျွန်ုပ်တို့သည်၊ ကိုယ်တော်အားသစ္စာမဲ့သနည်း၊ အကြွင်းမဲ့မဟာမေတ္တာပြတော်မူသည်၊ ရွေးနုတ်ရန်သေခံမူသတည်း။ ညီတော်သစ္စာစောင့်၊ သန့်ရှင်းသူတို့အဖို့၊ ရွှေမြို့တော်ကိုပြင်တော်မူပြီ၊ သင်သည်ငြိမ်သက်ခြင်းရရှိရန်ဝင်စေဖို့၊ ပုလဲတံခါးများဖွင့်ထားမည်၊ ညီတော်သစ္စာစောင့် မောပန်းခြင်းဒုက္ခပြည်၊ ဖြစ်သောဤအရပ်မှထွက်မည်၊ ဝမ်းနည်းခြင်းပြည့်သော ညဉ့်မှောင်မိုက်ကွယ်တော့မည်၊ ဘုန်းတော်နံနက်ကိုတောင့်တ၏။ ညီတော်သစ္စာစောင့်၊ အနန္တတန်ခိုးရှင်၊ ကောင်းကင်တမန်များခြံရံကာ၊ အောင်ခြင်းပန်းခက်များ၊ ယူဆောင်လျက်မကြာခင်၊ ကောင်းကင်မှဆင်းသက်တော်မူရှာ၊ ညီတော်သစ္စာစောင့် များမကြာဝမ်းမြောက်စွာ၊ ဤသို့ကယ်တင်ရှင်မိန့်မူရာ၊ သာဓုသစ္စာရှိငယ်သားကောင်းငါနှင့်သာ၊ ကောင်းကင်ချမ်းသာသို့ဝင်စားပါ။ ညီတော်သစ္စာစောင့်၊ ထာဝရကာလတွင်၊ သင်၏တည်ကြည်ခြင်းထင်ရှားမည်၊ ခေါင်းပေါ်သရဖူ၊ များတောက်ပမျက်နှာတွင်၊ မျက်ရည်များကိုယ်တော်သုတ်မူမည်၊ ညီတော်သစ္စာစောင့်၊ ကတိတော်မှန်ကန်ပေ၊ တည်ကြည်သစ္စာရှိသောသူသည်၊ ယေရှုနှင့်သန့်ရှင်းဖြစင်သောသူတို့တွေ၊ ဘုန်းတော်စိုးစံခွင့်ရလိမ့်မည်။