Artists: John H. Sammis
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကိုယ်တော်နှင့်တူလျှောက်လျှင်၊ နှုတ်ကပတ်အလင်းတွင်၊ ကျွန်ုပ်တို့လမ်း၌ဘုန်းထွန်းလင်းသည်၊ ကိုယ်တော်အလိုလိုက်ပေ၊ ကျွန်ုပ်တို့နှင့်နေမည်၊ ကိုးစားနားထောင်သူများတို့နှင့်ပေ။ ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။ တိမ်မှောင်ရိပ်မရှိရာ၊ ဘေးရန်မျိုးမျိုးကင်းကွာ၊...
Download the app for full lyrics and more...
ကိုယ်တော်နှင့်တူလျှောက်လျှင်၊ နှုတ်ကပတ်အလင်းတွင်၊ ကျွန်ုပ်တို့လမ်း၌ဘုန်းထွန်းလင်းသည်၊ ကိုယ်တော်အလိုလိုက်ပေ၊ ကျွန်ုပ်တို့နှင့်နေမည်၊ ကိုးစားနားထောင်သူများတို့နှင့်ပေ။ ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။ တိမ်မှောင်ရိပ်မရှိရာ၊ ဘေးရန်မျိုးမျိုးကင်းကွာ၊ ကိုယ်တော်၏ြုပခြင်းဖြင့်ပျောက်လွင့်ရာ၊ ယုံမှားကြောက်ရွံ့ကင်းကွာ၊ ညည်းတွားမျက်ရည်ကင်းစွာ၊ ကျွန်ုပ်တို့ကိုးစားနားထောင်စဉ်ခါ။ ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။ ကိုယ်တော်မေတ္တာတော်ကို၊ ဘယ်ခါမျှမနှိုင်းဆို၊ ရှိသမျှကိုပလ္လင်တော်ရင်းမှာ၊ ကျေးဇူးများနှင့်ထားခါ၊ ဝမ်းမြောက်ခြင်းကိုပေးစဉ်၊ ကိုးစားနားထောင်သောသူတို့ဖို့ပင်။ ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။ မိတ်သဟာယဖွဲ့လေ၊ ခြေတော်ရင်း၌ထိုင်နေ၊ ကိုယ်တော်နှင့်တူနံဘေးမှာလျှောက်မည်၊ ခိုင်းရာကိုပြုလုပ်မည်၊ စေသောရပ်သို့သွားမည်၊ ကိုးစားနားထောင်လျှင်မကြောက်ရပြီ။ ကိုးစားနားထောင်၊ အခြားလမ်းမရှိချေ။ ယေရှု၌ပျော်မွေ့လိုလျှင်၊ ကိုးစားနားထောင်ရလေ။