Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လွန်မသွားပါနှင့်သိမ်မွေ့ရှင် လျှောက်သံနားညောင်းလျှင်၊ အခြားသူထံကြွတော်မူစဉ် လွန်မသွားပါနှင့်။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ ကရုဏာပလ္လင်တော်ရင်းတွင်၊ ချမ်းသာခြင်းတွေ့ရ၊ ကြေကွဲစိတ်နှင့်ဒူးထောက်နေစဉ်၊ မယုံခြင်းကယ်မ။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊...
Download the app for full lyrics and more...
လွန်မသွားပါနှင့်သိမ်မွေ့ရှင် လျှောက်သံနားညောင်းလျှင်၊ အခြားသူထံကြွတော်မူစဉ် လွန်မသွားပါနှင့်။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ ကရုဏာပလ္လင်တော်ရင်းတွင်၊ ချမ်းသာခြင်းတွေ့ရ၊ ကြေကွဲစိတ်နှင့်ဒူးထောက်နေစဉ်၊ မယုံခြင်းကယ်မ။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ ကုသိုလ်တော်ကိုအားထားလျက်သာ၊ မျက်နှာတော်ရှာရာ၊ ကြေကွဲစိတ်ကိုကျန်းမာစေပါ၊ ကျေးဇူးဖြင့်ကယ်ပါ။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။ ကိုယ်တော်နှစ်သိမ့်ခြင်းမူလတည်း၊ အသက်ထက်ပို၏၊ ကိုယ်တော်အပြင်ကောင်းကင်မြေကြီး၊ ကျွန်ုပ်၌မရှိ။ ကယ်တင်ရှင်လျှောက်သံ နားညောင်းသဖြင့်၊ အခြားသူထံကြွတော်မူစဉ်၊ လွန်မသွားပါနှင့်။