Artists: Mary Servoss
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
စိတ်နှလုံးဖြောင့်မတ်သောသူတို့၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလော့၊ ကိုယ်တော်မြတ်ကိုရွေးကောက်သူတို့၊ ဝမ်းနည်းပူပန်ခြင်းပယ်ရှောင်ချေ။ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။ ဝမ်းမြောက်ကြလော့ကိုယ်တော်မြတ်သည်၊...
Download the app for full lyrics and more...
စိတ်နှလုံးဖြောင့်မတ်သောသူတို့၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလော့၊ ကိုယ်တော်မြတ်ကိုရွေးကောက်သူတို့၊ ဝမ်းနည်းပူပန်ခြင်းပယ်ရှောင်ချေ။ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။ ဝမ်းမြောက်ကြလော့ကိုယ်တော်မြတ်သည်၊ မြေပေါ်ကောင်းကင်ထက်အုပ်စိုးသည်၊ နှုတ်ကပတ်တော်မြတ်အားဖြင့်သာ၊ အုပ်စိုးစီရင်ကယ်တင်မူရှာ။ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။ နေ့ချိန်မှောင်မိုက်ဝိုင်းဝန်းသဖြင့်၊ ညဉ့်ချိန်ကောင်းကင်ဖုံးအုပ်သော်လည်း၊ သင့်ဝိညာဉ်ကြောက်ရွံ့ခြင်းနှင့်ကင်း၊ ဘေးလွန်သည်တိုင်အောင်ယုံရမည်။ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။ ကိုယ်တော်မြတ်၌ဝမ်းသာအေးကျူး၊ ချီးမွမ်းထောမနာပြုကြလေ၊ တူရိယာမျိုးမျိုးနှင့်အေးကျူး၊ ဟာလေလုယသီချင်းဆိုချေ။ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ၊ ဝမ်းမြောက်၊ ဝမ်းမြောက်၊ ကိုယ်တော်မြတ်၌ဝမ်းမြောက်ကြလေ။