Artists: Fanny J. Crosby (1826-1915), William A. Ogden, 1841-1897
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကိုယ်တော်နှင့်တွဲသွားလေ၊ မည်သို့ပင်ဖြစ်စေ၊ သင့်လမ်းမှောက်မိုက်သော်လည်း၊ လမ်းပြချဉ်းကပ်ပါ၊ ရန်သူများသွေးဆောင်နေ၊ အန္တရာယ်နီးလည်း၊ ယေရှုနှင့်သာလျှောက်ပါ၊ ကြောက်ခြင်းကင်းမည်တည်း။ တွဲလျက်သွား၊ ရဲဝံ့စွာချီသွား၊ သင့်သတ္တိ၊ မွေးလော့အားသစ်၊ နေ့စဉ်ယေရှုကယ်ရှင်နှင့်သွား၊ ခရီးတစ်လျှောက်ကိုယ်တော်ပို့ဆောင်မည်။...
Download the app for full lyrics and more...
ကိုယ်တော်နှင့်တွဲသွားလေ၊ မည်သို့ပင်ဖြစ်စေ၊ သင့်လမ်းမှောက်မိုက်သော်လည်း၊ လမ်းပြချဉ်းကပ်ပါ၊ ရန်သူများသွေးဆောင်နေ၊ အန္တရာယ်နီးလည်း၊ ယေရှုနှင့်သာလျှောက်ပါ၊ ကြောက်ခြင်းကင်းမည်တည်း။ တွဲလျက်သွား၊ ရဲဝံ့စွာချီသွား၊ သင့်သတ္တိ၊ မွေးလော့အားသစ်၊ နေ့စဉ်ယေရှုကယ်ရှင်နှင့်သွား၊ ခရီးတစ်လျှောက်ကိုယ်တော်ပို့ဆောင်မည်။ ကိုယ်တော်နှင့်တွဲလျက်သွား၊ ဘယ်ကိုပဲသွားသွား၊ မှောင်မိုက်ရိပ်လွှမ်းမိုးလည်း၊ လမ်းပြတော်မူမည်၊ ကိုယ်တော်အလင်းတော်သည်၊ လမ်းကိုလင်းစေမည်၊ ခြောက်သွေ့ကန္တာရ၌၊ နှင်းပန်းပွင့်စေမည်။ တွဲလျက်သွား၊ ရဲဝံ့စွာချီသွား၊ သင့်သတ္တိ၊ မွေးလော့အားသစ်၊ နေ့စဉ်ယေရှုကယ်ရှင်နှင့်သွား၊ ခရီးတစ်လျှောက်ကိုယ်တော်ပို့ဆောင်မည်။ ကိုယ်တော်နှင့်တွဲလျက်သွား၊ ရပ်တန့်ခြင်းကိုရှောင်၊ ကိုယ်တော်မိန့်သမျှကို၊ မနှေးမြန်ရွက်ဆောင်၊ ကိုယ်တော်ရှင်ခွန်အားဖြင့်၊ ပေးလော့ဖိအားကို၊ ယေရှုနှင့်လျှောက်ခြင်းဖြင့်၊ မှားယွင်းခြင်းကင်းမည်။ တွဲလျက်သွား၊ ရဲဝံ့စွာချီသွား၊ သင့်သတ္တိ၊ မွေးလော့အားသစ်၊ နေ့စဉ်ယေရှုကယ်ရှင်နှင့်သွား၊ ခရီးတစ်လျှောက်ကိုယ်တော်ပို့ဆောင်မည်။