Artists: Priscilla Jane Owens
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဤဘဝမုန်တိုင်း၌မိုးတိမ်တိုက်လျှင်၊ သင်၏ကျောက်ဆူးသည်ခိုင်စွာစွဲမည်လော၊ ကြီးသောဒီရေထကျောက်ကြိုးတောင့်လာလျှင်၊ သင့်ကျောက်ဆူးကျွတ်မည်လောခိုင်မည်လော။ လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။...
Download the app for full lyrics and more...
ဤဘဝမုန်တိုင်း၌မိုးတိမ်တိုက်လျှင်၊ သင်၏ကျောက်ဆူးသည်ခိုင်စွာစွဲမည်လော၊ ကြီးသောဒီရေထကျောက်ကြိုးတောင့်လာလျှင်၊ သင့်ကျောက်ဆူးကျွတ်မည်လောခိုင်မည်လော။ လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။ ခိုင်စွာချည်ထားလျှင်မုန်တိုင်းကိုအောင်မည်၊ ကယ်တင်ရှင်လက်ဖြင့်ကောင်းစွာချည်နှောင်ပြီ၊ နှလုံးတော်မှသင့်နှလုံးထိရှည်သည်၊ ကြိုးများလေတိုက်ခြင်းတုပြိုင်နိုင်ပြီ။ လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။ ကျောက်ဆောင်နားရောက်ပြီးပုတ်ခတ်သံပြလျှင်၊ ကြောက်ဖွယ်လက်ကြားရောက်သော်ငြားကိုင်ထားမည်၊ မုန်တိုင်းလေပြင်းရိုက်ဆောင်သွင်းရှာလေလျှင်၊ လှိုင်းတံပိုးကျွန်ုပ်လှေမလွှမ်းပြီ။ လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။ အရုဏ်လင်းစဉ်ပုလဲတံခါးတို့တွင်၊ ကျွန်ုပ်တို့ဆိပ်ကမ်းမျက်စိနှင့်မြင်လျှင်၊ ကောင်းကင်လမ်းမှာခိုင်စွာကျောက်ဆူးချကြ၊ လှိုင်းတံပိုးများလွန်ပြီထာဝရ။ လှိုင်းတံပိုးထလျှင်ဝိညာဉ်မြဲစွာ၊ ထိန်းသောကျောက်ဆူးကျွန်ုပ်၌ရှိပါ၊ မလှုပ်သောကျောက်တော်တွင်တည်နေသည်၊ ကယ်တင်ရှင်မေတ္တာ၌တည်မြဲစေသည်။