Artists: Franklin Edson Belden
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
သက်ရှင်သောကျောက်ပေါ်မှာတည်ဆောက်မည်၊ ယေရှုရှင်မြဲတည်ကျောက်ဖြစ်၏၊ မုန်တိုင်းကျသောအခါတည်းခိုမည်၊ ကြောက်မက်ဖွယ်ဘေးမှလွတ်၏။ ကျောက်ဆောင်မြတ်ပေါ်မှာ၊ ငါတို့တည်ဆောက်ရာ၊ ခိုင်လုံသောခရစ်တော်ကျောက်မြတ်ပေါ်မှာ၊ ကျွန်ုပ်တို့တည်ဆောက်ရာ။ ချို့တို့ကားမမြဲသောသဲပေါ်မှာ၊ လောကဘဏ္ဍာများဖြင့်တည်ဆောက်၊...
Download the app for full lyrics and more...
သက်ရှင်သောကျောက်ပေါ်မှာတည်ဆောက်မည်၊ ယေရှုရှင်မြဲတည်ကျောက်ဖြစ်၏၊ မုန်တိုင်းကျသောအခါတည်းခိုမည်၊ ကြောက်မက်ဖွယ်ဘေးမှလွတ်၏။ ကျောက်ဆောင်မြတ်ပေါ်မှာ၊ ငါတို့တည်ဆောက်ရာ၊ ခိုင်လုံသောခရစ်တော်ကျောက်မြတ်ပေါ်မှာ၊ ကျွန်ုပ်တို့တည်ဆောက်ရာ။ ချို့တို့ကားမမြဲသောသဲပေါ်မှာ၊ လောကဘဏ္ဍာများဖြင့်တည်ဆောက်၊ အချို့ကားအပြစ်လှိုင်းများပေါ်မှာ၊ ကျော်စောစည်းစိမ်ဖြင့်တည်ဆောက်။ ကျောက်ဆောင်မြတ်ပေါ်မှာ၊ ငါတို့တည်ဆောက်ရာ၊ ခိုင်လုံသောခရစ်တော်ကျောက်မြတ်ပေါ်မှာ၊ ကျွန်ုပ်တို့တည်ဆောက်ရာ။ အခြေခိုင်ခံ့သောကျောက်မြတ်ပေါ်မှာ၊ ထာဝရဖို့တည်ဆောက်ကြပါ၊ ကယ်တင်ရန်ငါတို့မြော်လင့်ခြင်းသာ၊ မြဲမြံတည်ကြည်ခြင်းဖြစ်ရာ။ ကျောက်ဆောင်မြတ်ပေါ်မှာ၊ ငါတို့တည်ဆောက်ရာ၊ ခိုင်လုံသောခရစ်တော်ကျောက်မြတ်ပေါ်မှာ၊ ကျွန်ုပ်တို့တည်ဆောက်ရာ။