Artists: William Orcutt Cushing, 1823-1902
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
အတောင်တော်အောက်ဘေးကင်းစွာကျွန်ုပ်နေသည်၊ ညဉ့်သည်မှောင်၍လေပြင်းတိုက်ငြားသော်လည်း၊ ကိုယ်တော်စောင့်ထိန်းမည်ကိုသိ၍ယုံနိုင်သည်၊ ရွေးနုတ်တော်မူ၍သားရင်းဖြစ်သတည်း။ အတောင်တော်အောက်၊ အတောင်တော်မှ၊ မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊ ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။...
Download the app for full lyrics and more...
အတောင်တော်အောက်ဘေးကင်းစွာကျွန်ုပ်နေသည်၊ ညဉ့်သည်မှောင်၍လေပြင်းတိုက်ငြားသော်လည်း၊ ကိုယ်တော်စောင့်ထိန်းမည်ကိုသိ၍ယုံနိုင်သည်၊ ရွေးနုတ်တော်မူ၍သားရင်းဖြစ်သတည်း။ အတောင်တော်အောက်၊ အတောင်တော်မှ၊ မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊ ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။ အတောင်တော်အောက်ဝမ်းနည်းစဉ်ခိုလှုံရာပင်၊ ထိုငြိမ်သက်ခြင်းကျွန်ုပ်စိတ်တောင့်တလှ၊ လောကတွင်ခိုကိုးရာမဲ့ဖြစ်သောခါတွင်၊ ထိုမှာနှစ်သိမ့်ခြင်းနှင့်ကောင်းချီးခံရာ။ အတောင်တော်အောက်၊ အတောင်တော်မှ၊ မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊ ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။ အတောင်တော်အောက်ဘယ်မျှကြီးသောစည်းစိမ်နည်း၊ သောကများကင်းသည်တိုင်အောင်ခိုကိုးရာ၊ ကွယ်ကာဖုံးအုပ်ဘေးအန္တရာယ်မရောက်တည်း၊ ယေရှု၌ကိုးစားလျှင်အမြဲချမ်းသာ။ အတောင်တော်အောက်၊ အတောင်တော်မှ၊ မေတ္တာမှခွဲနိုင်အံ့နည်း၊ အတောင်တော်အောက်၊ ကျွန်ုပ်ဝိညာဉ်ခို၊ လုံခြုံအမြဲခိုရာတည်း။