Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန်ရှိသနည်း၊ ငါ့ကိုလမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊ ဤဘဝအသက်ရှင်သည်တွင်၊ စုံစမ်းခြင်းမျိုးမျိုးတို့ပင်၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊...
Download the app for full lyrics and more...
ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန်ရှိသနည်း၊ ငါ့ကိုလမ်းပြတော်မူရှင်အား၊ ယုံမှားခြင်းရှိရမည်လား၊ ဤဘဝအသက်ရှင်သည်တွင်၊ စုံစမ်းခြင်းမျိုးမျိုးတို့ပင်၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ၊ ဖိစီးနှိပ်စက်လာသောအခါ၊ ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ထောက်မအားပေးလျက်နှင့်ပင်၊ စုံစမ်းခြင်းကိုခံနိုင်ဖို့ရာ၊ ကျွေးတော်မူအသက်မုန့်မှာ၊ ခွန်အားပြည့်လျက်မောပန်းခြင်းကင်း၊ သောက်လျက်နေသက်စမ်းရေတွင်း၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ၊ ပလ္လင်တော်ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။ ကယ်တင်ရှင်ငါ့ကိုလမ်းပြသည်၊ ကိုယ်တော်ချစ်ခြင်းအံ့ဖွယ်တည်း၊ ထက်အဖအိမ်တော်တွင်ငြိမ်းစွာ၊ နေစိမ့်ငှာကတိတော်ထား၊ ထာဝရရှင်ခြင်းသို့နိုးလျက်၊ ထွန်းတောက်ကောင်းကင်သို့ပျံတက်၊ ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ၊ ထိုအခါစဉ်သီချင်းဆိုမည်၊ ယေရှုငါ့ကိုလမ်းပြပြီ။