Artists: James Nicholson, 1828-1876
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဘုရားငါ့အလင်း၊ ဘယ်ကြောင့်ကြောက်အံ့နည်း၊ နေ့ညဉ့်အစဉ်ကိုယ်တော်မျက်မှောက်အနီး၊ အပြစ်ဒုက္ခမှကျွန်ုပ်ကိုကယ်မူသည်၊ ဝိညာဉ်တော်သည်ထိုကောင်းချီးသဘောသွင်းသည်။ (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂ ဘုရားငါ့အလင်း၊ မိုးတိမ်တက်သော်လည်း၊...
Download the app for full lyrics and more...
ဘုရားငါ့အလင်း၊ ဘယ်ကြောင့်ကြောက်အံ့နည်း၊ နေ့ညဉ့်အစဉ်ကိုယ်တော်မျက်မှောက်အနီး၊ အပြစ်ဒုက္ခမှကျွန်ုပ်ကိုကယ်မူသည်၊ ဝိညာဉ်တော်သည်ထိုကောင်းချီးသဘောသွင်းသည်။ (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂ ဘုရားငါ့အလင်း၊ မိုးတိမ်တက်သော်လည်း၊ ယုံကြည်အားကြီးခြင်းဖြင့်ထက်ရပ်မျှော်ကြည့်၊ ထိုဘုန်းကြီးရပ်တွင်ယေရှုအစဉ်စိုးစံ၊ ထိုကြောင့်ကျွန်ုပ်မှောင်မိုက်နှင့်အစဉ်ကင်းမှန်။ (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂ ဘုရားငါ့အလင်း၊ ကျွန်ုပ်အားဗလ၊ တန်ခိုးတော်အားဖြင့်ကျွန်ုပ်မှန်အောင်ရ၊ ကျွန်ုပ်အားနည်းခြင်းကိုခွန်အားနှင့်ဖုံးအံ့၊ နာရီတိုင်းကျွန်ုပ်ကိုစောင့်တော်မူလတ္တံ့။ (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂ ဘုရားငါ့အလင်း၊ ကျွန်ုပ်ပြည့်စုံခြင်း၊ အထံတော်မြတ်တွင်မှောင်မိုက်အစဉ်ကင်း၊ ကျွန်ုပ်ရွေးနုတ်ဘုရင်ကယ်တင်ရှင်ဖြစ်သည်၊ သန့်ရှင်းတမန်နှင့်ကိုယ်တော်ကိုချီးမွမ်းမည်။ (ဘုရားငါ့အလင်း၊ ဝမ်းမြောက်ရာသီချင်း၊ နေ့ညဉ့်စဉ်မပြတ်ငါ့ကိုမြဲဆောင်ကြဉ်း၊)၂