Artists: William Dunn Longstaff
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
သန့်ရှင်းဖို့ချိန်ခန့်ထား၊ ကိုယ်တော်နှင့်တိုင်ပင်၊ ကိုယ်တော်၌မှီခိုပါ၊ နှုတ်ကပတ်တော်သင်၊ တပည့်တော်နှင့်ပေါင်းသင်း၊ အားနည်းသူမပါ၊ မှုအမျိုးမျိုးတို့တွင်၊ ကောင်းချီးကိုရှာပါ။ သန့်ရှင်းဖို့ချိန်ခန့်ထား၊ မြန်စွာချိန်လွန်သွား၊ ကိုယ်တော်နှင့်တိတ်ဆိတ်စွာ၊ ချိန်များကုန်စေပါ၊ ယေရှုရှင်ကိုကြည့်လျှင်၊...
Download the app for full lyrics and more...
သန့်ရှင်းဖို့ချိန်ခန့်ထား၊ ကိုယ်တော်နှင့်တိုင်ပင်၊ ကိုယ်တော်၌မှီခိုပါ၊ နှုတ်ကပတ်တော်သင်၊ တပည့်တော်နှင့်ပေါင်းသင်း၊ အားနည်းသူမပါ၊ မှုအမျိုးမျိုးတို့တွင်၊ ကောင်းချီးကိုရှာပါ။ သန့်ရှင်းဖို့ချိန်ခန့်ထား၊ မြန်စွာချိန်လွန်သွား၊ ကိုယ်တော်နှင့်တိတ်ဆိတ်စွာ၊ ချိန်များကုန်စေပါ၊ ယေရှုရှင်ကိုကြည့်လျှင်၊ ကိုယ်တော်နှင့်တူလာ၊ သင်ပြုလေရာမှာပင်၊ ကိုယ်တော်ကိုမြင်ရာ။ သန့်ရှင်းဖို့ချိန်ခန့်ထား၊ လမ်းပြစေမူပါ၊ ဖြစ်သမျှအမှုမှာ၊ ကိုယ်တော်မလွန်သွား၊ ဝမ်းနည်းဝမ်းမြောက်ခြင်းမှာ၊ နောက်တော်သို့လိုက်ပါ၊ ယေရှုရှင်ကိုကြည့်ပါ၊ မိန့်တော်မြတ်ယုံပါ။ သန့်ရှင်းဖို့ချိန်ခန့်ထား၊ ဝိညာဉ်ငြိမ်စေပါ၊ ကြံစည်ရာများတို့ကား၊ အလိုတော်တိုင်းသာ၊ မေတ္တာတော်စမ်းရေသို့၊ ဝိညာဉ်တော်ဆောင်သွား၊ ထက်ဘုံမှာမှုဆောင်ဖို့၊ တော်သင့်မည်မကြာ။