Artists: Joseph M. Scriven.
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကျွန်ုပ်ပြစ်နှင့်ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေယေရှုရှိ၊ ဆုတောင်းခြင်းဖြင့်ထံတော်ဝပ်တွား၊ ခွင့်သည်အံ့ဖွယ်ဖြစ်ပါဘိ၊ ငြိမ်သက်ခြင်းကိုကြိမ်ဖန်စွန့်ပစ်၊ မခံသင့်ဝန်ထမ်းခဲ့ပြီ၊ ကိုယ်တော်ထံတွင်ဆုတောင်းခြင်းဖြင့်၊ မယူဆောင်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့စုံစမ်းနှောင့်ယှက်ရာ၊ ဆင်းရဲဒုက္ခရှိသလား၊...
Download the app for full lyrics and more...
ကျွန်ုပ်ပြစ်နှင့်ဝမ်းနည်းခြင်းများ၊ ခံရန်မိတ်ဆွေယေရှုရှိ၊ ဆုတောင်းခြင်းဖြင့်ထံတော်ဝပ်တွား၊ ခွင့်သည်အံ့ဖွယ်ဖြစ်ပါဘိ၊ ငြိမ်သက်ခြင်းကိုကြိမ်ဖန်စွန့်ပစ်၊ မခံသင့်ဝန်ထမ်းခဲ့ပြီ၊ ကိုယ်တော်ထံတွင်ဆုတောင်းခြင်းဖြင့်၊ မယူဆောင်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့စုံစမ်းနှောင့်ယှက်ရာ၊ ဆင်းရဲဒုက္ခရှိသလား၊ ဘယ်ခါမျှစိတ်မပျက်စေရာ၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ ဝမ်းနည်းခြင်းမျိုးခံမိတ်ဆွေများ၊ သစ္စာရှိသူတွေ့မည်လား၊ အားနည်းခြင်းများယေရှုသိပေ၊ ဆုတောင်းလျက်ထံတော်ချဉ်းလေ။ ဝန်ထုပ်လေး၍ပင်ပန်းလှစွာ၊ အားနည်းလျက်ရှိကြသလား၊ ကယ်တင်ရှင်အားထားမှီခိုရာ၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ မိတ်ဆွေများရွံရှာစွန့်ပစ်လျှင်၊ ဆုတောင်းလျက်ထံတော်ချဉ်းပါ၊ လက်တော်ဖြင့်ကွယ်ကာစောင့်မစဉ်၊ ထိုမှနှစ်သိမ့်ရာကိုရှာ။