Artists: Charles Wesley, 1707-1788
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
၁။ ချစ်သနားယေရှုဘုရား၊ ကိုယ်တော်၌မှီခိုပါစေ၊ ပြင်းစွာသောမုန်တိုင်းကျလာ၊ လှိုင်းတံပိုးကအားကြီးလေ၊ ဤဘဝမုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့်ကွယ်ကာအုပ်ထား၊ ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်၊ ဘေးမဲ့ပို့ဆောင်ဆိုက်စေပါ။ ၂။ ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာမှီတွယ်ရာ၊ စွန့်ပယ်အိုမစွန့်ပယ်နှင့်၊...
Download the app for full lyrics and more...
၁။ ချစ်သနားယေရှုဘုရား၊ ကိုယ်တော်၌မှီခိုပါစေ၊ ပြင်းစွာသောမုန်တိုင်းကျလာ၊ လှိုင်းတံပိုးကအားကြီးလေ၊ ဤဘဝမုန်တိုင်းလွန်အောင်၊ လက်တော်ဖြင့်ကွယ်ကာအုပ်ထား၊ ကောင်းကင်ဆိပ်တော်တွင်းတိုင်အောင်၊ ဘေးမဲ့ပို့ဆောင်ဆိုက်စေပါ။ ၂။ ကိုးကွယ်ခိုရာခြားမမြင်၊ ကိုယ်တော်၌သာမှီတွယ်ရာ၊ စွန့်ပယ်အိုမစွန့်ပယ်နှင့်၊ ထောက်မအားပေးတော်မူပါ၊ ကိုယ်တော်ကိုကိုးစားသဖြင့်၊ ကိုယ်တော်ကိုမြော်လင့်နေရာ၊ ကိုယ်တော်၏အတောင်တော်ဖြင့်၊ ကျွန်ုပ်ခေါင်းကိုဖုံးအုပ်ပါ။ ၃။ ကျွန်ုပ်၌လိုလေသမျှ၊ ကိုယ်တော်၌ကြွယ်ဝစွာရှိ၊ လဲသူချီနွမ်းသူထောက်မ၊ နာသူကန်းသူချမ်းသာ၏၊ ကိုယ်တော်ဖြောင့်မတ်သန့်ရှင်းသည်၊ ကျွန်ုပ်မှာအပြစ်များသာ၊ ကျေးဇူးဂုဏ်တော်စုံလင်၏၊ ကျွန်ုပ်သာရွံရှာဖွယ်ရာ။ ၄။ ကြွယ်ဝသောကျေးဇူးတော်ဖြင့်၊ များစွာသောအပြစ်ဖြေရာ၊ မေတ္တာတော်ရေများစွာနှင့်၊ ဆေးကြောစင်ကြယ်စေမူပါ၊ ကိုယ်တော်သာအသက်သခင်၊ ကိုယ်တော်အသက်ရေတိုက်ကျွေး၊ ကျွန်ုပ်စိတ်အတွင်း၌ပင်၊ ထာဝရစမ်းရေပေါက်စေ။