Artists: William B. Stevens,
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
စုံစမ်းခြင်းဒုက္ခ၊ စဉ်ဆင်းရဲခံရ၊ ဘာကြောင့်ဖြစ်သနည်း၊ အံ့မဆုံးပေ၊ ပတ်ဝန်းကျင်လူတွေ၊ ပြစ်ကျူးလွန်သော်လည်း၊ တစ်ခါမျှဒုက္ခ၊ မရောက်ဖူးလေ။ နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။ ၂။ ငါတို့ချစ်သူအား၊...
Download the app for full lyrics and more...
စုံစမ်းခြင်းဒုက္ခ၊ စဉ်ဆင်းရဲခံရ၊ ဘာကြောင့်ဖြစ်သနည်း၊ အံ့မဆုံးပေ၊ ပတ်ဝန်းကျင်လူတွေ၊ ပြစ်ကျူးလွန်သော်လည်း၊ တစ်ခါမျှဒုက္ခ၊ မရောက်ဖူးလေ။ နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။ ၂။ ငါတို့ချစ်သူအား၊ သေမင်းခေါ်ဆောင်ရှာ၊ ကျန်ရစ်အိမ်ထောင်မှာ၊ ကြေကွဲရရှာ၊ ဆိုးသွမ်းသောသူကား၊ နှစ်စဉ်နှင့်အမျှ၊ ကြီးပွားချမ်းသာကြ၊ အံ့ဩစရာ။ နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။ ၃။ သေသည့်တိုင်သစ္စာ၊ စောင့်လော့သခင်မှာ၊ ချိန်မရောက်သေးပေ၊ သည်းခံစောင့်နေ၊ ကောင်းကင်တံခါးတော်၊ ငါတို့ဝင်လေသော်၊ ပင်ပန်းခဲ့သမျှ၊ မေ့ပျောက်လိမ့်မည်။ နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။ ၄။ ဘုန်းတော်ဖြင့်ကြွလာ၊ ယေရှုကိုမြင်သော်၊ ကောင်းကင်အိမ်တော်မှ၊ ကြွလာလေသော်၊ တောက်ပအိမ်တော်မှာ၊ ကိုယ်တော်ဖူးတွေ့မည်၊ ထိုနောင်ကာလမှာ၊ နားလည်လိမ့်မည်။ နောက်နောင်ကာလ၌၊ ငါတို့သိလိမ့်မည်၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်၊ ညီကိုနှစ်သိမ့်လေ၊ ပျော်အောင်သာနေလေ၊ နောက်နောင်ကာလ၌၊ နားလည်လိမ့်မည်။