Artists: Mary Ann Pepper Kidder
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကြွယ်ဝခြင်းကိုမှုမထား၊ ရွှေငွေမတောင့်တပါ၊ ကောင်းကင်ကိုအလျင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်၊ နိုင်ငံတော်သက်စာစောင်တွင်၊ ကျွန်ုပ်၏နာမည်ပင်၊ ရေးမှတ်ထားလျက်ရှိပြီလား၊ ယေရှုရှင်ပြောကြားပါ။ ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊ ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။ ကျွန်ုပ်အပြစ်များလှပါ၊...
Download the app for full lyrics and more...
ကြွယ်ဝခြင်းကိုမှုမထား၊ ရွှေငွေမတောင့်တပါ၊ ကောင်းကင်ကိုအလျင်ရှာမည်၊ သိုးခြံထဲသို့ဝင်မည်၊ နိုင်ငံတော်သက်စာစောင်တွင်၊ ကျွန်ုပ်၏နာမည်ပင်၊ ရေးမှတ်ထားလျက်ရှိပြီလား၊ ယေရှုရှင်ပြောကြားပါ။ ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊ ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။ ကျွန်ုပ်အပြစ်များလှပါ၊ ပင်လယ်သဲလုံးပမာ၊ သို့သော်ကိုယ်တော်သွေးတော်သည်၊ ကျွန်ုပ်ဖို့လောက်ပေသည်၊ ကိုယ်တော်ရှင်မြတ်ပေးသနား၊ ကတိတော်လာသည်ကား၊ သင်၏အပြစ်နီသော်လည်း၊ မိုးပွင့်လိုဖြူစေမည်။ ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊ ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။ တင့်တယ်သန့်ရှင်းမြို့တော်မှာ၊ အိမ်တော်ထွန်းလင်းလှပ၊ သန့်ရှင်းဘုန်းကြီးသောသူများ၊ ဝတ်လုံဖြူစင်ဝတ်ကြ၊ ထိုတင့်တယ်သောအရပ်မှာ၊ အန္တရာယ်မရှိသော၊ ကောင်းကင်သားများစောင့်နေရာ၊ နာမည်ရေးထားပြီလား။ ကျွန်ုပ်၏နာမည်မှာ၊ နိုင်ငံသက်စာစောင်တွင်၊ ဖြူစင်လှစွာစာရွက်မှာ၊ ရေးသားလျက်ရှိပြီလား။