Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ၊ နားထောင်ကောင်းကင်သားကျူးသံ၊ ဘုန်းထွန်းသောဘုံတော်တွင်၊ ဖန်ရေကန်တော်ကိုကျော်ကာ၊ နားစွင့်ရာသို့ရောက်လာ။ ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။...
Download the app for full lyrics and more...
ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ၊ နားထောင်ကောင်းကင်သားကျူးသံ၊ ဘုန်းထွန်းသောဘုံတော်တွင်၊ ဖန်ရေကန်တော်ကိုကျော်ကာ၊ နားစွင့်ရာသို့ရောက်လာ။ ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။ ဘေးမဲ့ယေရှုရင်ခွင်မှ၊ သောကပူခြင်းငြိမ်းပေ၊ ဒုစရိုက်သွေးဆောင်ခြင်းမှ၊ ကင်းရှင်းလုံခြုံစွာနေ၊ ဒုက္ခဆင်းရဲသံဝေဂ၊ ကျွတ်လွတ်ကုန်ဆုံးလုပြီ၊ လောကီဘုံမှမျက်ရည်ကျ၊ နည်းစွာသာကျန်သေးသည်။ ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။ ကျွန်ုပ်အတွက်ယေရှုရှင်၊ မြတ်သောအသက်စွန့်ပြီ၊ မြဲစွာတည်သောကျောက်တော်တွင်၊ ခိုလှုံမှီဝဲပါမည်၊ ညဉ့်ချိန်မလွန်မသွားအောင်၊ သည်းခံလျက်စောင့်ပါစေ၊ အရုဏ်မတက်မီတိုင်အောင်၊ တသမြော်လင့်ပါလေ။ ဘေးမဲ့ယေရှုရင်ခွင်ထက်၊ ရွှေလက်တော်ပိုက်ပွေ့ရာ၊ မေတ္တာတော်ရိပ်ခိုကိုးလျက်၊ ကျွန်ုပ်ဝိညာဉ်ချမ်းသာ။