Artists: Mrs. M. T. Haughey
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
တောင်ထိပ်တွင်နေရောင်ခြည်ထွန်းလင်း၊ ပင်လယ်ပေါ်လည်းထွန်းလင်းရာ၊ နူးညံ့စိမ်းလန်းမြေပြင်ပေါ်ချဉ်း၊ ရွှေရောင်ခြည်ထွန်းလင်းသာယာ၊ သာ၍လင်းသောရောင်ခြည်တော်မှာ၊ ကျွန်ုပ်နှလုံးသို့ဝင်သည်၊ ကယ်တင်ရှင်ကိန်းအောင်းသောကြောင့်သာ၊ ကိုယ်တော်ရှိရာနေလင်းတည်း။ အိုနေရောင်ခြည်၊ တင့်တယ်နေရောင်ခြည်၊ စိတ်နှလုံးရှိနေရောင်ခြည်၊...
Download the app for full lyrics and more...
တောင်ထိပ်တွင်နေရောင်ခြည်ထွန်းလင်း၊ ပင်လယ်ပေါ်လည်းထွန်းလင်းရာ၊ နူးညံ့စိမ်းလန်းမြေပြင်ပေါ်ချဉ်း၊ ရွှေရောင်ခြည်ထွန်းလင်းသာယာ၊ သာ၍လင်းသောရောင်ခြည်တော်မှာ၊ ကျွန်ုပ်နှလုံးသို့ဝင်သည်၊ ကယ်တင်ရှင်ကိန်းအောင်းသောကြောင့်သာ၊ ကိုယ်တော်ရှိရာနေလင်းတည်း။ အိုနေရောင်ခြည်၊ တင့်တယ်နေရောင်ခြည်၊ စိတ်နှလုံးရှိနေရောင်ခြည်၊ ယေရှုအပြုံး၊ ဝမ်းနည်းဖုံးမည်၊ စိတ်အတွင်းမှာနေရောင်ခြည်။ ယခင်နေ့ကအဝတ်နွမ်းလို၊ ဝမ်းနည်းခြင်းကိုစွန့်ပစ်၏၊ ဝမ်းမြောက်ခြင်းဝတ်ရုံဆင်မူလို၊ ချီးမွမ်းခြင်းနှင့်ပြည့်စေ၏၊ မေတ္တာတော်ဖြင့်ကျွန်ုပ်ရသော၊ ဘုန်းထွန်းသော ရွှေပြည်တော်ကို၊ ကျွန်ုပ်စိတ်နှလုံးတို့တက်သော်၊ ကိုယ်တော်ထံသို့လိုက်သွားလို။ အိုနေရောင်ခြည်၊ တင့်တယ်နေရောင်ခြည်၊ စိတ်နှလုံးရှိနေရောင်ခြည်၊ ယေရှုအပြုံး၊ ဝမ်းနည်းဖုံးမည်၊ စိတ်အတွင်းမှာနေရောင်ခြည်။ ချစ်ဖွယ်ရှင်ကျွန်ုပ်ကိုဝယ်ပြီ၊ သက်ရောကိုယ်ပါပိုင်မူရာ၊ မေတ္တာဖြင့်ထွန်းသောဆီမီးသည်၊ ဘုန်းတော်သို့ထွန်းတောက်စေပါ၊ မေတ္တာတော်ဖြင့်ကျွန်ုပ်ရသော၊ ဘုန်းထွန်းသောရွှေပြည်တော်ကို၊ ကျွန်ုပ်စိတ်နှလုံးတို့တက်သော်၊ ကိုယ်တော်ထံသို့လိုက်သွားလို။ အိုနေရောင်ခြည်၊ တင့်တယ်နေရောင်ခြည်၊ စိတ်နှလုံးရှိနေရောင်ခြည်၊ ယေရှုအပြုံး၊ ဝမ်းနည်းဖုံးမည်၊ စိတ်အတွင်းမှာနေရောင်ခြည်။