Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ယေရှုရှင်ကျွန်ုပ်စိတ်ချစရာ၊ ဘုန်းတော်မြတ်ရသာမြည်းစမ်းခံစားရာ၊ ကယ်တင်ခြင်းအမွေဘုရားဝယ်ပေး၊ ဝိညာဉ်တော်မွေးဖွားသွေးတော်ဖြင့်ဆေး။ ကျွန်ုပ်ဝတ္ထုပေသီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေးတစ်နေ့လုံးနေ၊ ကျွန်ုပ်ဝတ္ထုပေ၊ သီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေး၊ တစ်နေ့လုံးနေ။ လုံးလုံးအပ်နှံလျှင်လုံးလုံးဝမ်းမြောက်၊...
Download the app for full lyrics and more...
ယေရှုရှင်ကျွန်ုပ်စိတ်ချစရာ၊ ဘုန်းတော်မြတ်ရသာမြည်းစမ်းခံစားရာ၊ ကယ်တင်ခြင်းအမွေဘုရားဝယ်ပေး၊ ဝိညာဉ်တော်မွေးဖွားသွေးတော်ဖြင့်ဆေး။ ကျွန်ုပ်ဝတ္ထုပေသီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေးတစ်နေ့လုံးနေ၊ ကျွန်ုပ်ဝတ္ထုပေ၊ သီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေး၊ တစ်နေ့လုံးနေ။ လုံးလုံးအပ်နှံလျှင်လုံးလုံးဝမ်းမြောက်၊ ပျော်မွေ့ရူပါရုံကျွန်ုပ်ရှေ့ပေါက်ရောက်၊ ထက်ရပ်မှဆောင်လာ၊ ကောင်းကင်သားများ၊ ကရုဏာပဲ့တင်မေတ္တာစကား။ ကျွန်ုပ်ဝတ္ထုပေသီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေးတစ်နေ့လုံးနေ၊ ကျွန်ုပ်ဝတ္ထုပေ၊ သီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေး၊ တစ်နေ့လုံးနေ။ လုံးလုံးအပ်နှံလျှင်အားလုံးချမ်းသာ၊ ကိုယ်တော်၌ကျွန်ုပ်ဝမ်းမြောက်ဝမ်းသာပါ၊ စောင့်လျက်နှင့်မျှော်နေထက်ရပ်သို့ကြည့်၊ မေတ္တာတော်ပျော်မွေ့ကောင်းခြင်းနှင့်ပြည့်။ ကျွန်ုပ်ဝတ္ထုပေသီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေးတစ်နေ့လုံးနေ၊ ကျွန်ုပ်ဝတ္ထုပေ၊ သီချင်းဖြစ်လေ၊ ချီးမွမ်းလျက်ကျူးအေး၊ တစ်နေ့လုံးနေ။