Artists: Elizabeth Prentiss
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကိုယ်တော်ကိုချစ်နိုင်မည်၊ ခရစ်တော်ရှင်၊ စိတ်ပါလျက်နှင့်တောင်းသည်၊ နားညောင်းသခင်၊ ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည်ရှင်မြတ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊ ခန္ဓာအကျိုးကိုရှာ၊ ဝိညာဉ်ကိုမေ့၊ ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ ဒုက္ခခံစေလျှင်လည်း၊...
Download the app for full lyrics and more...
ကိုယ်တော်ကိုချစ်နိုင်မည်၊ ခရစ်တော်ရှင်၊ စိတ်ပါလျက်နှင့်တောင်းသည်၊ နားညောင်းသခင်၊ ဤပတ္ထနာမပြတ်၊ အစဉ်လျှောက်မည်ရှင်မြတ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ လောကီပျော်မွေ့ခြင်းသာ၊ အထက်လိုလေ၊ ခန္ဓာအကျိုးကိုရှာ၊ ဝိညာဉ်ကိုမေ့၊ ယခုထိုသို့မဟုတ်၊ အပြစ်ရွံရှာစက်ဆုပ်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ ဒုက္ခခံစေလျှင်လည်း၊ မညည်းမတွား၊ အလိုတော်နှင့်အညီ၊ ဖြစ်စေမြတ်စွာ၊ ထိုဒုက္ခအားဖြင့်လည်း၊ အကျိုးတိုးပွားနိုင်မည်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။ ထိုသို့ပြုပြင်မူလျှင်၊ မြတ်စွာဘုရား၊ နောက်ဆုံးရှုလျက်သက်ညင်း၊ ဝမ်းမြောက်အားရ၊ သက်ချုပ်နေစဉ်တွင်ပင်၊ ဆုတောင်းဦးမည်ပျော်ရွှင်၊ ကိုယ်တော်ကိုသာ၊ ချစ်စေမူပါ။