Artists: Katherine Hankey
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဝတ္ထုတော်ကိုပြောချင်လေ၊ အထက်မမြင်အရာ၊ ယေရှုနှင့်ဘုန်းတော်မြတ်ပေ၊ ယေရှုချစ်ခြင်းမေတ္တာ၊ ဝတ္ထုတော်ကိုပြောချင်လေ၊ မှန်ကြောင်းကိုသိ၍သာ၊ ကျွန်ုပ်ဆန္ဒပြည့်စုံစေ၊ အခြားမတတ်နိုင်ပါ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။ ဝတ္ထုတော်ကိုပြောချင်လေ၊...
Download the app for full lyrics and more...
ဝတ္ထုတော်ကိုပြောချင်လေ၊ အထက်မမြင်အရာ၊ ယေရှုနှင့်ဘုန်းတော်မြတ်ပေ၊ ယေရှုချစ်ခြင်းမေတ္တာ၊ ဝတ္ထုတော်ကိုပြောချင်လေ၊ မှန်ကြောင်းကိုသိ၍သာ၊ ကျွန်ုပ်ဆန္ဒပြည့်စုံစေ၊ အခြားမတတ်နိုင်ပါ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။ ဝတ္ထုတော်ကိုပြောချင်လေ၊ စိတ်ကူးဖန်တီးခြင်းထက်၊ သာလွန်အံ့ဖွယ်ထူးဆန်းချေ၊ ကောင်းမြတ်သောအိပ်မက်ထက်၊ ဝတ္ထုတော်ကိုပြောချင်လေ၊ ကျွန်ုပ်အကျိုးများစွာ၊ သင့်အားဖြစ်ကြောင်းကုန်စဉ်ထွေ၊ ကျွန်ုပ်ခုပြောချင်ပါ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ထပ်ပြောရန်နှစ်သက်ပါ၊ ပြောသောခါတိုင်း၌ပင်လေ၊ တိုး၍အံ့ဖွယ်ချိုသာ၊ ဝတ္ထုတော်ကိုပြောချင်လေ၊ ချို့မကြားဖူးသေးကြ၊ ကယ်တင်ခြင်းသတင်းများတွေ၊ ကျမ်းစာတော်၌ဖော်ပြ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။ ဝတ္ထုတော်ကိုပြောချင်လေ၊ ကြားဖူးသောသူများသည်၊ အခြားသူများကဲ့သို့ပေ၊ သာ၍ဆာမွတ်သေးသည်၊ ဘုန်းဝင်စားရသည်ချိန်မှာ၊ သီချင်းသစ်ကိုဆိုမည်၊ သို့ဆိုရာနှစ်သက်ဖူးရာ၊ ဝတ္ထုဟောင်းပင်ဖြစ်မည်။ ဝတ္ထုတော်ကိုပြောချင်လေ၊ ဘုန်းပြည်ကျွန်ုပ်သီချင်းပေ၊ ယေရှုနှင့်မေတ္တာတော်ပေ၊ ဝတ္ထုဟောင်းပြောပြလေ။