Artists: William Orcutt Cushing, 1823-1902
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
တင့်တယ်သောဧဒင်အရပ်တွင်၊ ငြိမ်သက်သာယာတကား။ မောပန်းသောသူ၏နှလုံးတွင်၊ အားသစ်နှင့်ပြည့်စေသား။ တင့်တယ်သောဧဒင်အရပ်တွင်၊ သန့်ရှင်းသူတို့စံရာ။ လှိုင်းတံပိုးများတိုက်ခတ်လျက်ရှိစဉ်၊ ငြိမ်သက်ခြင်းကိုစိတ်ကူးပါ။ ညည်းတွားမြည်တမ်းသူ၏စိတ်တွင်း၊ နှစ်သိမ့်သက်သာစေ၏။ ကောင်းကင်တမန်များ၏သီချင်း၊ ဝေးရပ်မှပြန့်စေ၏။...
Download the app for full lyrics and more...
တင့်တယ်သောဧဒင်အရပ်တွင်၊ ငြိမ်သက်သာယာတကား။ မောပန်းသောသူ၏နှလုံးတွင်၊ အားသစ်နှင့်ပြည့်စေသား။ တင့်တယ်သောဧဒင်အရပ်တွင်၊ သန့်ရှင်းသူတို့စံရာ။ လှိုင်းတံပိုးများတိုက်ခတ်လျက်ရှိစဉ်၊ ငြိမ်သက်ခြင်းကိုစိတ်ကူးပါ။ ညည်းတွားမြည်တမ်းသူ၏စိတ်တွင်း၊ နှစ်သိမ့်သက်သာစေ၏။ ကောင်းကင်တမန်များ၏သီချင်း၊ ဝေးရပ်မှပြန့်စေ၏။ တင့်တယ်သောဧဒင်အရပ်တွင်၊ သန့်ရှင်းသူတို့စံရာ။ လှိုင်းတံပိုးများတိုက်ခတ်လျက်ရှိစဉ်၊ ငြိမ်သက်ခြင်းကိုစိတ်ကူးပါ။ ကယ်တင်ရှင်၏အိမ်တော်ထိုမှာ၊ သန့်ရှင်းသူများတူနေ။ တင့်တယ်သောကုန်းပြင်မြင့်များမှာ၊ သီချင်းသစ်ကျူးအေးပေ။ တင့်တယ်သောဧဒင်အရပ်တွင်၊ သန့်ရှင်းသူတို့စံရာ။ လှိုင်းတံပိုးများတိုက်ခတ်လျက်ရှိစဉ်၊ ငြိမ်သက်ခြင်းကိုစိတ်ကူးပါ။