Artists: Dr. Christopher R. Blackall
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဖန်ဆင်းသမျှလက်စသတ်မှ၊ သတ္တမနေ့ငြိမ်းရ၊ ဤနေ့သာလျှင်ကောင်းချီးပေးလေ၊ သန့်ရှင်းခြင်းဖြစ်ရပေ။ ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။ ဥပုသ်နေ့မှာသန့်ရှင်းခြင်းငှါ၊ စောင့်ရှောက်ရန်ပညတ်လာ၊ ခြောက်ရက်ပတ်လုံးလုပ်ကိုကြိုးပမ်း၊ မိန့်သမျှသွားရာလမ်း။ ချမ်းသာစွာ၊...
Download the app for full lyrics and more...
ဖန်ဆင်းသမျှလက်စသတ်မှ၊ သတ္တမနေ့ငြိမ်းရ၊ ဤနေ့သာလျှင်ကောင်းချီးပေးလေ၊ သန့်ရှင်းခြင်းဖြစ်ရပေ။ ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။ ဥပုသ်နေ့မှာသန့်ရှင်းခြင်းငှါ၊ စောင့်ရှောက်ရန်ပညတ်လာ၊ ခြောက်ရက်ပတ်လုံးလုပ်ကိုကြိုးပမ်း၊ မိန့်သမျှသွားရာလမ်း။ ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။ သတ္တမနေ့ဥပုသ်စင်စစ်၊ သားသမီးကျွန်များနှင့်၊ တိရိစ္ဆာန်နှင့်ဧည့်သည်လည်းပါ၊ ထိုနေ့မှာစောင့်မှသာ။ ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။ သမုဒ္ဒရာအရပ်ရပ်တွင်၊ မိုးကောင်းကင်မြေကြီးပင်၊ ခြောက်ရက်တွင်ပင်ဖန်ဆင်းပြီးလျှင်၊ ငြိမ်းရရှင်သခင်ပင်။ ချမ်းသာစွာ၊ ချမ်းသာစွာ၊ ဘုရားရှင်ပေးလေရာ၊ ကိုးကွယ်သမျှလူမျိုးရှိရှိ၊ ဧကန်မှန်ငြိမ်းအေးဘိ။