Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဥပုသ်နေ့မမေ့နှင့်၊ ဘုရားကောင်းချီးချီးမြှင့်၊ နေ့တကာတွင်သာယာဆုံး၊ နေ့တို့တွင်အကောင်းဆုံး၊ အလုပ်မှနားရန်ရသည်၊ ဘုရားဝမ်းမြောက်ခြင်းပြ၊ ရောင်ခြည်တော်ဆင်းသက်နေသည် ကောင်းကင်အလင်းတောက်ပ။ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။ ဥပုသ်နေ့သန့်ရှင်းစေ၊...
Download the app for full lyrics and more...
ဥပုသ်နေ့မမေ့နှင့်၊ ဘုရားကောင်းချီးချီးမြှင့်၊ နေ့တကာတွင်သာယာဆုံး၊ နေ့တို့တွင်အကောင်းဆုံး၊ အလုပ်မှနားရန်ရသည်၊ ဘုရားဝမ်းမြောက်ခြင်းပြ၊ ရောင်ခြည်တော်ဆင်းသက်နေသည် ကောင်းကင်အလင်းတောက်ပ။ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။ ဥပုသ်နေ့သန့်ရှင်းစေ၊ ယနေ့ဝတ်ပြုရချေ၊ ငါသည်အသက်လမ်းဖြစ်ပေ၊ တပည့်တို့အားမိန့်ပေ၊ လောကမှာနှိမ့်ချ၍သာ၊ နောက်တော်သို့လိုက်ကြလျှင်၊ ထာဝရစီးလျက်နေရှာ၊ သက်စမ်းရေရမည်ပင်။ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။ သန့်ရှင်းဝမ်းမြောက်နေ့ပေ၊ ကောင်းမွန်စွာစောင့်ထိန်းစို့၊ သူငယ်တို့ချစ်ဆုံးမိတ်ဆွေ၊ ယေရှုကိုချီးမွမ်းဖို့၊ ချစ်ဖွယ်သိမ်မွေ့ကယ်တင်ရှင်၊ ကောင်းမြတ်ကြင်နာသနား၊ စိတ်တိုင်း၌ကိန်းအောင်းနေစဉ်၊ ကတိဖိုးထိုက်တကား။ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့၊ ကြွပါ၊ ကြွပါ၊ အစဉ်ကြွပါ၊ သန့်ရှင်းဥပုသ်နေ့။