Artists: John Newton, 1725-1807
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကျေးဇူးရှင်ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍ဥပုသ်ပြန်လာ။ ဤနေ့မှာဆုတောင်းရအောင်၊ ဗိမာန်တော်၌စည်းဝေးပါ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ ရွေးနုတ်ရှင်အမှီြုပပေ၊ ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ။ မျက်နှာတော်ပြတော်မူလေ၊...
Download the app for full lyrics and more...
ကျေးဇူးရှင်ပို့ဆောင်သောကြောင့်၊ ဘေးကင်း၍ဥပုသ်ပြန်လာ။ ဤနေ့မှာဆုတောင်းရအောင်၊ ဗိမာန်တော်၌စည်းဝေးပါ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ နေ့အပေါင်းတို့တွင်ကောင်းဆုံး၊ ထာဝရငြိမ်သက်ခြင်းပုံ။ ရွေးနုတ်ရှင်အမှီြုပပေ၊ ပြစ်လွှတ်ခြင်းခွင့်ရှာစဉ်ခါ။ မျက်နှာတော်ပြတော်မူလေ၊ ရှက်ကြောက်ဖွယ်ရာများပယ်ရှား။ ဤနေ့၌သောကကင်းစင်၊ ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။ ဤနေ့၌သောကကင်းစင်၊ ကိုယ်တော်မြတ်ငြိမ်သက်ခြင်းရှင်။ နာမတော်ချီးမွမ်းရအောင်၊ ဗိမာန်တော်၌စုသောခါ။ ကိုယ်တော်သည်ဧကန်ရှိကြောင်း၊ ဘုန်းတော်ဖြင့်ထင်ရှားစေပါ။ ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာမြည်းစမ်းချင်ဘုရား။ ထာဝရကောင်းကျိုးချမ်းသာ၊ သည်မှာမြည်းစမ်းချင်ဘုရား။ ဝမ်းမြောက်ဖွယ်သတင်းတရား၊ ဆိုးသူကောင်းသူနာသဖြင့်။ ကျေးဇူးတော်အမျိုးမျိုးပွား၊ ဆင်းရဲဒုက္ခများပယ်ရှင်း။ ထိုသို့ဥပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှလမ်းဆုံး။ ထိုသို့ဥပုသ်စောင့်ကြကုန်၊ ကောင်းကင်ဘုံရောက်မှလမ်းဆုံး။