Artists: Charles Luther
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လက်ချည်းသက်သက်သေသွားရလော၊ ကယ်တင်ရှင်ဤသို့တွေ့သော်၊ မှုတော်မြတ်ကိုဆောင်ရွက်မပေး၊ ကိုယ်တော်အားဘာမျှမပေး။ လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။ ခုသေရသော်လည်းမစိုးရိမ်၊ ကိုယ်တော်ကျွန်ုပ်ကိုကယ်တင်၊ လက်ချည်းသွားရသောကြောင့်စိုးရိမ်၊...
Download the app for full lyrics and more...
လက်ချည်းသက်သက်သေသွားရလော၊ ကယ်တင်ရှင်ဤသို့တွေ့သော်၊ မှုတော်မြတ်ကိုဆောင်ရွက်မပေး၊ ကိုယ်တော်အားဘာမျှမပေး။ လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။ ခုသေရသော်လည်းမစိုးရိမ်၊ ကိုယ်တော်ကျွန်ုပ်ကိုကယ်တင်၊ လက်ချည်းသွားရသောကြောင့်စိုးရိမ်၊ စိတ်ဝမ်းနည်းခြင်းနှင့်မကင်း။ လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။ ချည်းနှီးလွန်စေသောနှစ်များကို၊ တစ်ဖန်လွန်ပြန်စေနိုင်လျှင်၊ သက်ချိန်လုံးကိုယ်တော်အားပေးလို၊ ကိုယ်တော်နောက်သို့စဉ်လိုက်ချင်။ လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။ သန့်ရှင်းသူတို့နိုးကြားကြိုးစား၊ နေ့ချိန်မှုတော်ဆောင်ရွက်ထား၊ သေရသောကာလမရောက်မီ၊ သူတစ်ပါးကိုသွေးဆောင်ပြီ။ လက်ချည်းသက်သက်သေသွားရလော၊ ဤသို့ကယ်တင်ရှင်ကြည့်တည်း၊ သွေးဆောင်ခေါ်ပြီးသူမပါသော်၊ ဘယ်သို့ထံတော်ဝင်မည်နည်း။