Artists: Eliza Edmunds Hewitt,
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
နေဝင်သောကာလ၌ရောက်မည်တင့်တယ်ပြည်တော်၊ အကြောင်းကိုယနေ့တွင်စဉ်းစားရာ၊ ကျေးဇူးတော်ကြောင့်ကိုယ်တော်အပါးတွင်ရပ်ရသော်၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ ဦးရစ်တွင်ကြယ်အများ၊ ကြယ်အများရှိမည်လား၊ နေဝင်သောခါညဉ့်ချမ်းအချိန်မှာ၊ သန့်ရှင်းသူနှင့်နားရန်၊ အိမ်တော်မြတ်တွင်စံမှာ၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။...
Download the app for full lyrics and more...
နေဝင်သောကာလ၌ရောက်မည်တင့်တယ်ပြည်တော်၊ အကြောင်းကိုယနေ့တွင်စဉ်းစားရာ၊ ကျေးဇူးတော်ကြောင့်ကိုယ်တော်အပါးတွင်ရပ်ရသော်၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ ဦးရစ်တွင်ကြယ်အများ၊ ကြယ်အများရှိမည်လား၊ နေဝင်သောခါညဉ့်ချမ်းအချိန်မှာ၊ သန့်ရှင်းသူနှင့်နားရန်၊ အိမ်တော်မြတ်တွင်စံမှာ၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ သခင်၏ခွန်အားနှင့်ဆောင်ရွက်ဆုတောင်းပါစေ၊ ဝိညာဉ်များကယ်သူလိုစောင့်ပါလေ၊ ဘုန်းထွန်းနေ့တော်မြတ်တွင်တောက်ပကြယ်များပိုင်ချေ၊ ချီးမွမ်းခြင်းလှိုင်းများလိုမြဲထလေ။ ။ ဦးရစ်တွင်ကြယ်အများ၊ ကြယ်အများရှိမည်လား၊ နေဝင်သောခါညဉ့်ချမ်းအချိန်မှာ၊ သန့်ရှင်းသူနှင့်နားရန်၊ အိမ်တော်မြတ်တွင်စံမှာ၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။ မျက်နှာတော်ဖူးတွေ့ခါဘယ်မျှရွှင်မြူးသာယာ၊ ကျောက်မြတ်များခြေတော်ရင်းဆက်ကပ်လာ၊ ဦးရစ်တွင်ကြယ်ရှိလျှင်ရွှေပြည်တွင်မင်္ဂလာ၊ ဦးရစ်တွင်ကြယ်အများရှိမည်သာ ဦးရစ်တွင်ကြယ်အများ၊ ကြယ်အများရှိမည်လား၊ နေဝင်သောခါညဉ့်ချမ်းအချိန်မှာ၊ သန့်ရှင်းသူနှင့်နားရန်၊ အိမ်တော်မြတ်တွင်စံမှာ၊ ဦးရစ်တွင်ကြယ်အများရှိမည်လား။