Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ အပြစ်နှင့်သင်္ချိုင်းတွင်းမှဆွဲယူပါ၊ လမ်းလွဲသူဖို့ငိုကြွေး ၊လဲသူထူမလေ၊ စွမ်းကြီးယေရှုကယ်နိုင်ကြောင်းကိုပြောပေ။ ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ ယေရှုကရုဏာရှင်၊ ယေရှုကယ်တင်။ မထီမဲ့ြုပသော်ငြား၊ ကိုယ်တော်စောင့်ရှောက်ရှာ၊ နောင်တရသောသားကိုလက်ခံခြင်းငှါ၊...
Download the app for full lyrics and more...
ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ အပြစ်နှင့်သင်္ချိုင်းတွင်းမှဆွဲယူပါ၊ လမ်းလွဲသူဖို့ငိုကြွေး ၊လဲသူထူမလေ၊ စွမ်းကြီးယေရှုကယ်နိုင်ကြောင်းကိုပြောပေ။ ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ ယေရှုကရုဏာရှင်၊ ယေရှုကယ်တင်။ မထီမဲ့ြုပသော်ငြား၊ ကိုယ်တော်စောင့်ရှောက်ရှာ၊ နောင်တရသောသားကိုလက်ခံခြင်းငှါ၊ စိတ်ပါလျက်နှိုးဆော်ကြ၊ သွေးဆောင်ဖြည်းညင်းစွာ၊ ကိုယ်တော်ကိုယုံလျှင်ပြစ်လွှတ်မည်မှန်ပါ။ ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ ယေရှုကရုဏာရှင်၊ ယေရှုကယ်တင်။ ပျက်စီးသူကိုကယ်ပါ၊ ဝတ္တရားဖြစ်ပေ၊ ဆောင်ရွက်နိုင်ရန်အားကိုကိုယ်တော်ပေးရာ၊ ကျဉ်းမြောင်းရာလမ်းထဲသို့၊ တစ်ဖန်ပြန်လာစေ၊ သက်တော်စွန့်ကြောင်းလမ်းလွဲသူအားပြောပါ။ ပျက်စီးသူကိုကယ်ပါ၊ သေလုသူသနား၊ ယေရှုကရုဏာရှင်၊ ယေရှုကယ်တင်။