Artists: Daniel March
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
နားထောင်ရှင်ယေရှုကြွေးကြော်သည်၊ ခုဘယ်သူမှုဆောင်မည်နည်း၊ လယ်ပြင်တို့သည်မှည့်လျက်ရှိပြီ၊ တံစဉ်ဘယ်သူကိုင်မည်နည်း၊ ကျယ်သောအသံနှင့်ခေါ်ဖိတ်သည်၊ ဆုလာဘ်များစွာပေးပါမည်၊ အသင့်စောင့်လျက်ကျွန်ုပ်ရှိသည်၊ အဘယ်သူဝန်ခံမည်နည်း။ ပင်လယ်ကြီးကိုမကူးနိုင်လျှင်၊ နီးသောအရပ်သို့သွားလော့၊ နီးသောရပ်တွင်တွေ့နိုင်ခဲ့လျှင်၊...
Download the app for full lyrics and more...
နားထောင်ရှင်ယေရှုကြွေးကြော်သည်၊ ခုဘယ်သူမှုဆောင်မည်နည်း၊ လယ်ပြင်တို့သည်မှည့်လျက်ရှိပြီ၊ တံစဉ်ဘယ်သူကိုင်မည်နည်း၊ ကျယ်သောအသံနှင့်ခေါ်ဖိတ်သည်၊ ဆုလာဘ်များစွာပေးပါမည်၊ အသင့်စောင့်လျက်ကျွန်ုပ်ရှိသည်၊ အဘယ်သူဝန်ခံမည်နည်း။ ပင်လယ်ကြီးကိုမကူးနိုင်လျှင်၊ နီးသောအရပ်သို့သွားလော့၊ နီးသောရပ်တွင်တွေ့နိုင်ခဲ့လျှင်၊ တံခါးတွင်းသို့သွင်းကြလော့၊ ကောင်းကင်သားလိုမပြောနိုင်လျှင်၊ ယေရှုချစ်ခြင်းဖော်ပြလော့၊ ပေါလုလိုလည်းမဟောနိုင်လျှင်၊ အသေခံခြင်းပြောပြလော့။ စောင့်သောသူသင်မလုပ်နိုင်လျှင်၊ ဇိအုန်တောင်သို့ပြေးတက်လော့၊ လမ်းလွဲသောသူပြန်စိမ့်သောငှါ၊ ကောင်းကင်လမ်းကိုညွှန်ပြလော့၊ လှူဒါနဆုတောင်းခြင်းနှင့်ပင်၊ ကောင်းကင်အလိုကိုဖြည့်နိုင်၊ သစ္စာရှိအာရုန်ကဲ့သို့သင်၊ မောရှေလက်ကိုထောက်မနိုင်။ လမ်းလွဲသောသူသေလုသောခါ၊ ယေရှုရှင်သင့်ကိုခေါ်ပေ၊ သင်ကဘာမျှမလုပ်နိုင်ပါ၊ ပျင်းရိစွာမဆိုရချေ၊ ပေးတော်မူအလုပ်ကိုင်စွဲနေ၊ ဝမ်းမြောက်စွာအားထုတ်ကြပါ၊ အသင့်စောင့်နေကျွန်ုပ်ရှိပေ၊ စိတ်အြွကင်းမဲ့လျှောက်ကြပါ။