Artists: James Oren Thompson
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
နီးဝေးရပ်မှာကောက်ပင်များကားမှည့်သောသီးနှံနှင့်ပြည့်ဝ၊ တောင်ယာလယ်ကွက်နီးဝေးရပ်များသီးနှံများဝါဝင်းတောက်ပ။ လယ်ရှင်ဘုရားရိတ်သူများအား ရိတ်ကာလမလွန်သွားခင်၊ ကောက်လှိုင်းသိမ်းရန်ခုစေလွှတ်ပါ၊ တောင်းလျှောက်သံနားညောင်းသခင်။ နံနက်အချိန်မိုးလင်းစမှ မွန်းတည့်နေရောင် ထွန်းတောက်ခါ၊ ညဉ့်နေရောင်ခြည်မကွယ်ပျောက်ရ...
Download the app for full lyrics and more...
နီးဝေးရပ်မှာကောက်ပင်များကားမှည့်သောသီးနှံနှင့်ပြည့်ဝ၊ တောင်ယာလယ်ကွက်နီးဝေးရပ်များသီးနှံများဝါဝင်းတောက်ပ။ လယ်ရှင်ဘုရားရိတ်သူများအား ရိတ်ကာလမလွန်သွားခင်၊ ကောက်လှိုင်းသိမ်းရန်ခုစေလွှတ်ပါ၊ တောင်းလျှောက်သံနားညောင်းသခင်။ နံနက်အချိန်မိုးလင်းစမှ မွန်းတည့်နေရောင် ထွန်းတောက်ခါ၊ ညဉ့်နေရောင်ခြည်မကွယ်ပျောက်ရ ရပ်တိုင်းသို့သိမ်းရန်ခိုင်းပါ။ လယ်ရှင်ဘုရားရိတ်သူများအား ရိတ်ကာလမလွန်သွားခင်၊ ကောက်လှိုင်းသိမ်းရန်ခုစေလွှတ်ပါ၊ တောင်းလျှောက်သံနားညောင်းသခင်။ အရှင်စေလွှတ်သောသူသင်တို့မှည့်သော ကောက်လှိုင်းစုသိမ်းပါ၊ နေဝင်ချိန်တွင်ကောင်းကင်လမ်းသို့ ရောက်လာလိမ့်မည်ရွှင်လန်းစွာ။ လယ်ရှင်ဘုရားရိတ်သူများအား ရိတ်ကာလမလွန်သွားခင်၊ ကောက်လှိုင်းသိမ်းရန်ခုစေလွှတ်ပါ၊ တောင်းလျှောက်သံနားညောင်းသခင်။