Artists: Fanny Jane Crosby, 1820-1915
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ၊ လောကီသားတို့ကိုချစ်ရှာသားတော်စွန့်ကာ၊ သက်တော်စွန့်ခြင်းဖြင့်အပြစ်တွေပြေစေပါ၊ အသက်တံခါးဖွင့်ထားဝင်လိုသူများလာ။ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊ သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊...
Download the app for full lyrics and more...
အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ၊ လောကီသားတို့ကိုချစ်ရှာသားတော်စွန့်ကာ၊ သက်တော်စွန့်ခြင်းဖြင့်အပြစ်တွေပြေစေပါ၊ အသက်တံခါးဖွင့်ထားဝင်လိုသူများလာ။ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊ သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊ အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။ ယုံကြည်သူပေါင်းအောင်စေကြောင်း သွေးတော်ကြောင့်ပင်၊ စုံလင်သောရွေးနုတ်ခြင်းကတိတော်ကိုပင်၊ အဆိုးဆုံးသောသူသည်အမှန်ယုံကြည်လျှင်၊ ယေရှုမှပြစ်လွှတ်ခွင့်ရထိုခဏတွင်။ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊ သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊ အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။ အံ့ဖွယ်မှုများကျွန်ုပ်အားပြတော်မူပြီ၊ ယေရှု၌ကျွန်ုပ်တို့ဝမ်းမြောက်ခြင်းရှိသည်၊ သို့သော်ယေရှုရှင်ကိုဖူးတွေ့ရသောအခါ၊ အံ့ဩဝမ်းမြောက်ခြင်းသာ၍ကြီးမည်မှန်ပါ။ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လောကသံတော်ကြားစေ၊ ချီးမွမ်းကြ၊ ချီးမွမ်းကြ၊ လူအပေါင်းဝမ်းမြောက်စေ၊ သားတော်ယေရှုအားဖြင့်ခမည်းတော်ထံလာ၊ အံ့ဖွယ်မှုများတွက်မြတ်ဘုရားချီးမွမ်းပါ။