Artists: Robert Robinson
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
မင်္ဂလာဆုပေါင်းဖြစ်ပွားရာ၊ ယေရှုရှင်မတော်မူပါ၊ နေ့ရက်တိုင်းခံရာဆုကျေးဇူး၊ နေ့ရက်တိုင်းချီးမွမ်းလိုမူ၊ ကောင်းကင်ဘုံသားကျူးသောလင်္ကာ၊ တူပြိုင်လျက်ချီးမွမ်းလိုပါ၊ မေတ္တာတော်တိုင်းထက်လွန်ကြီးပေ၊ မေတ္တာပင်ပြန်ပို့လိုလေ။ ခုတိုင်အောင်မစတော်မူလို၊ ဧဗနေဇာထူထောင်လို၊ မစတော်မူကျေးဇူးကြောင့်ပေ၊...
Download the app for full lyrics and more...
မင်္ဂလာဆုပေါင်းဖြစ်ပွားရာ၊ ယေရှုရှင်မတော်မူပါ၊ နေ့ရက်တိုင်းခံရာဆုကျေးဇူး၊ နေ့ရက်တိုင်းချီးမွမ်းလိုမူ၊ ကောင်းကင်ဘုံသားကျူးသောလင်္ကာ၊ တူပြိုင်လျက်ချီးမွမ်းလိုပါ၊ မေတ္တာတော်တိုင်းထက်လွန်ကြီးပေ၊ မေတ္တာပင်ပြန်ပို့လိုလေ။ ခုတိုင်အောင်မစတော်မူလို၊ ဧဗနေဇာထူထောင်လို၊ မစတော်မူကျေးဇူးကြောင့်ပေ၊ အိမ်တော်ကျွန်ုပ်စောင့်စားလေ၊ လမ်းလွဲလျက်ဘေးရောက်မူသောခါ၊ ယေရှုရှင်ကျွန်ုပ်ကိုရှာ၊ ကျွန်ုပ်သက်ကိုကယ်မူလိုငှါ၊ သက်တော်မြတ်စွန့်လေတကား။ ကျေးဇူးတော်သည်ထူးမြတ်လွန်းလေ ကျေးဇူးတော်အောက်မေ့လိုပေ၊ ကျေးဇူးရှင်ထိုကျေးဇူးအားဖြင့်၊ ကျွန်ုပ်စိတ်ကိုနှောင်စေချင်၊ မှားမိလွန်းလို့စိတ်ပျက်လုပါ၊ ချစ်ဖွယ်ရှင်ကယ်မသနား၊ ကျွန်ုပ်စိတ်ကိုယူတော်မူလျှင်၊ ကောင်းကင်ဘုံကပြင်ပါရှင်။