Artists: Sylvanus Dryden Phelps
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကယ်တင်ပိုင်သောဘုရား၊ မေတ္တာတော်ရှင်၊ စဉ်မြဲထံတော်ပါးမှ၊ ဆုတ်မခွာသင့်၊ ရှေ့တော်၌နှိမ့်ချစွာ၊ စိတ်ထဲ၌သစ္စာထား၊ ကိုယ်တော်အားလှူရန်ယဇ်၊ ယူဆောင်ခဲ့သည်။ ကရုဏာပလ္လင်ရှေ့၊ တောင်းပန်ရန်ဝင်၊ ယုံကြည်အားနည်းမျှော်ကြည့်၊ ယေရှုသခင်၊ ကပ်တိုင်ကိုထမ်း၍သာ၊ အံ့ဖွယ်မေတ္တာကြော်ငြာ၊ ဆုတောင်းခြင်းချီးမွမ်းခြင်း၊...
Download the app for full lyrics and more...
ကယ်တင်ပိုင်သောဘုရား၊ မေတ္တာတော်ရှင်၊ စဉ်မြဲထံတော်ပါးမှ၊ ဆုတ်မခွာသင့်၊ ရှေ့တော်၌နှိမ့်ချစွာ၊ စိတ်ထဲ၌သစ္စာထား၊ ကိုယ်တော်အားလှူရန်ယဇ်၊ ယူဆောင်ခဲ့သည်။ ကရုဏာပလ္လင်ရှေ့၊ တောင်းပန်ရန်ဝင်၊ ယုံကြည်အားနည်းမျှော်ကြည့်၊ ယေရှုသခင်၊ ကပ်တိုင်ကိုထမ်း၍သာ၊ အံ့ဖွယ်မေတ္တာကြော်ငြာ၊ ဆုတောင်းခြင်းချီးမွမ်းခြင်း၊ ယူဆောင်ခဲ့သည်။ ကိုယ်တော်နှင့်တူစေရန်၊ တည်ကြည်စိတ်သွင်း၊ တစ်နေ့တစ်နေ့လွန်ပြန်၊ တိုး၍သိမြင်၊ ချစ်မေတ္တာမှုတော်ဆောင်၊ ကြင်နာခြင်းပြခဲ့ကြောင်း၊ ကိုယ်တော်ထံပျောက်သူကို၊ ယူဆောင်ခဲ့သည်။ ကျွန်ုပ်ပိုင်ဆိုင်သမျှ၊ ကိုယ်တော်ပိုင်ရာ၊ ဝမ်းနည်းဝမ်းသာသက်တာ၊ ကိုယ်တော်ဖို့သာ၊ မျက်နှာတော်ဖူးမြင်လျှင်၊ ငါ့ဝိညာဉ်ကိုယ်တော်အား၊ မြဲထာဝရပတ်လုံး၊ ဆက်သပါသည်။