Artists: Eden R. Latta
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လောကီသားတို့အားထင်ရှားသော၊ သွေးစမ်းတွင်မင်္ဂလာရှိ၏၊ သားတော်၌ဩဘာဖြစ်စေလော့၊ ဒဏ်ရာတော်ဖြင့်အနာငြိမ်း၏၊ သိုးခြံတော်မှဝေးစွာခွာစဉ်၊ ဝမ်းနည်းခြင်းဒုက္ခခံသော်လည်း၊ သိုးငယ်သွေးတော်နှင့်ဆေးကြောလျှင်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊ သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊...
Download the app for full lyrics and more...
လောကီသားတို့အားထင်ရှားသော၊ သွေးစမ်းတွင်မင်္ဂလာရှိ၏၊ သားတော်၌ဩဘာဖြစ်စေလော့၊ ဒဏ်ရာတော်ဖြင့်အနာငြိမ်း၏၊ သိုးခြံတော်မှဝေးစွာခွာစဉ်၊ ဝမ်းနည်းခြင်းဒုက္ခခံသော်လည်း၊ သိုးငယ်သွေးတော်နှင့်ဆေးကြောလျှင်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊ သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ ဆောင်းတော်မူဦးရစ်ဆူးဖြစ်ပေ၊ ကပ်တိုင်ခန္ဓာတော်ကိုအောင်ရာ၊ ပြင်းစွာဒုက္ခခံတော်မူလေ၊ ထိုဒုက္ခချည်းနှီးမဟုတ်ပါ၊ အပြစ်စင်ကြယ်စေရန်ဖြစ်စေ၊ စမ်းတွင်းတော်သို့ပို့ဆောင်မူမည်၊ သွန်းသောသွေး၌ကျွန်ုပ်ဆေးကြော၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊ သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ အဖထံတော်မှလမ်းလွဲအောင်၊ ကြိမ်ဖန်များစွာကျုပ်စိတ်လေငြား၊ ပြစ်များအလွန်နီသောအရောင်၊ ရေအားဖြင့်မဖြူနိုင်တကား၊ ယေရှုကိုယ်တော်စမ်းရေတွင်းသို့၊ ကတိတော်အားကိုးလျက်သွားသည်၊ တန်ခိုးတော်ဖြင့်စင်ကြယ်စေဖို့၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။ မိုးပွင့်ထက်ဖြူမည်၊ မိုးပွင့်ထက်ဖြူမည်၊ သိုးငယ်သွေးတော်နှင့်ဆေးကြောသည်၊ ကျွန်ုပ်မိုးပွင့်ထက်ဖြူလိမ့်မည်။