Artists: Frances Ridley Havergal, 1836-1879
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကျွန်ုပ်အသက်လက်ခံပါ၊ ကိုယ်တော်ကိုပူဇော်ဆက်သ၊ ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ၊ ကျွန်ုပ်လက်မှုဆောင်စေပါ၊ ကျွန်ုပ်လက်မှုဆောင်စေပါ။ ကိုယ်တော်ရှင်မြတ်အဖို့သာ၊ ကျွန်ုပ်ခြေလျင်မြန်စေပါ၊ ကျွန်ုပ်အသံလက်ခံပါ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ။ နှုတ်ကပတ်တော်မြတ်နှင့်သာ၊...
Download the app for full lyrics and more...
ကျွန်ုပ်အသက်လက်ခံပါ၊ ကိုယ်တော်ကိုပူဇော်ဆက်သ၊ ကိုယ်တော်ချစ်ခြင်းနှိုးဆော်ရာ၊ ကျွန်ုပ်လက်မှုဆောင်စေပါ၊ ကျွန်ုပ်လက်မှုဆောင်စေပါ။ ကိုယ်တော်ရှင်မြတ်အဖို့သာ၊ ကျွန်ုပ်ခြေလျင်မြန်စေပါ၊ ကျွန်ုပ်အသံလက်ခံပါ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ၊ ကိုယ်တော်ကိုချီးမွမ်းကျူးရာ။ နှုတ်ကပတ်တော်မြတ်နှင့်သာ၊ ကျွန်ုပ်နှုတ်ကိုဖြည့်စေပါ၊ ကျွန်ုပ်ရွှေငွေရှိသမျှ၊ ကိုယ်တော်မြတ်လက်ခံမူပါ၊ ကိုယ်တော်မြတ်လက်ခံမူပါ။ ကျွန်ုပ်အလိုလက်ခံပါ၊ ကိုယ်တော်အလိုဖြစ်စေပါ၊ ကျွန်ုပ်စိတ်ကိုယ်တော်ပိုင်ပေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ၊ ကိန်းဝပ်ရာပလ္လင်ဖြစ်စေ။ ကျွန်ုပ်ချစ်ခြင်းလက်ခံပါ၊ ခြေတော်ရင်းမှာချထားပါ၊ ကျွန်ုပ်ကိုယူတော်မူလျှင်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်။ ကျွန်ုပ်ချစ်ခြင်းလက်ခံပါ၊ ခြေတော်ရင်းမှာချထားပါ၊ ကျွန်ုပ်ကိုယူတော်မူလျှင်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်၊ ကိုယ်တော်ဖို့ဖြစ်မည်အစဉ်။