Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လောကကိုယူယေရှုကိုပေး ပျော်ခြင်းဗလာနတ္ထိတည်း၊ မေတ္တာတော်သည်အမြဲတည်ပေ၊ ထာဝရမပြောင်းလဲတည်း။ အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။ လောကကိုယူယေရှုကိုပေး၊ ကျွန်ုပ်ဝိညာဉ်သက်သာစေ၊ ကိုယ်တော်ရှင်စောင့်ထိန်းနေစဉ်ခါ၊ လှိုင်းထသော်လည်းကျူးအေးရာ။...
Download the app for full lyrics and more...
လောကကိုယူယေရှုကိုပေး ပျော်ခြင်းဗလာနတ္ထိတည်း၊ မေတ္တာတော်သည်အမြဲတည်ပေ၊ ထာဝရမပြောင်းလဲတည်း။ အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။ လောကကိုယူယေရှုကိုပေး၊ ကျွန်ုပ်ဝိညာဉ်သက်သာစေ၊ ကိုယ်တော်ရှင်စောင့်ထိန်းနေစဉ်ခါ၊ လှိုင်းထသော်လည်းကျူးအေးရာ။ အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။ လောကကိုယူယေရှုကိုပေး၊ ပြုံးရယ်ခြင်းဖြင့်ဖူးရစေ၊ လောကခရီးတစ်လျှောက်လုံးတွင်၊ အလင်းအားပေးမည်အစဉ်။ အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။ လောကကိုယူယေရှုကိုပေး၊ ကပ်တိုင်တော်ကျွန်ုပ်ယုံမည်၊ ကြည်လင်စွာမြင်ရသည့်တိုင်လေ၊ မျက်နှာချင်းဆိုင်ဖူးမြင်မည်။ အိုကရုဏာအတိုင်းအရှည်၊ အိုမေတ္တာအနံအလျား၊ အိုရွေးနုတ်ခြင်းပြည့်စုံခြင်းသည်၊ သက်စဉ်မြဲကတိတော်ထား။