Artists: James Nicholson, 1828-1876
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ယေရှုရှင်အကျွန်ုပ်သည်သန့်ရှင်းလိုပါ၊ ကျွန်ုပ်၏ဝိညာဉ်အတွင်းကိန်းအောင်းမူပါ၊ ရန်သူမျိုးမျိုးနှင့်ကာဆီးရာများပယ်ရှား၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။ ယေရှုရှင်မစင်ကြယ်ခြင်းကင်းစင်အလျှင်း၊...
Download the app for full lyrics and more...
ယေရှုရှင်အကျွန်ုပ်သည်သန့်ရှင်းလိုပါ၊ ကျွန်ုပ်၏ဝိညာဉ်အတွင်းကိန်းအောင်းမူပါ၊ ရန်သူမျိုးမျိုးနှင့်ကာဆီးရာများပယ်ရှား၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။ ယေရှုရှင်မစင်ကြယ်ခြင်းကင်းစင်အလျှင်း၊ သွေးတော်မြတ်ဖြင့်ဆေးကြောလျှင်ပြစ်မျိုးကင်းရှင်း။ စွန့်ပစ်မည်မှုများစင်ကြယ်ခြင်းရစိမ့်ငှါ၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။ ယေရှုရှင်ကိုယ်တော်ကိုသာတောင်းပန်လိုပါ၊ စောင့်နေမည်ကိုယ်တော်မြတ်၏ခြေတော်ရင်းမှာ။ ယုံခြင်းဖြင့်သွန်းသွေးတော်ကျွန်ုပ်မြင်ရပါ၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။ သည်းခံလျက်စောင့်နေခြင်းကိုယ်တော်မြတ်မြင်ပေ၊ သစ်သဘောကျွန်ုပ်အတွင်းြုပပြင်သွင်းပေး။ ကိုယ်တော်ကိုရှာသူအားမငြင်းမပယ်ရှား၊ ဆေးကြောလျှင်ဖြူစင်နိုင်ပါမိုးပွင့်ထက်သာ။ မိုးပွင့်ထက်သာဖြူစင်စေလိုငှါ၊ ဆေးကြောလျှင်ဖြူမည်မှန်ပါမိုးပွင့်ထက်သာ။