Artists: Frances Ridley Havergal
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဘုရင်တို့၏ဘုရင်မြတ်၊ ကျွန်ုပ်၌ကိန်းဝပ်ပါ၊ ပြဿနာလုံးစုံပယ်ရှား၊ ကိုယ်တော်ဖြေရှင်းမူပါ၊ ကျွန်ုပ်၌ကိန်းဝပ်မူပါ၊ အလိုတော်အတိုင်းသာ၊ အသုံးပြုတော်မူခြင်းငှါ၊ ဘုန်းတော်ထင်ရှားစေပါ။ ဗိမာန်တော်ကိုပြုုပြုင်ပြီး၊ အပြစ်နှင့်ကင်းစင်ပါ၊ ကိုယ်တော်၏ဘုန်းတန်ခိုးကြီး၊ အတွင်းမှထွန်းလင်းရှာ၊ ကပ်ကမ္ဘာကြီးတိတ်ဆိတ်နေ၊...
Download the app for full lyrics and more...
ဘုရင်တို့၏ဘုရင်မြတ်၊ ကျွန်ုပ်၌ကိန်းဝပ်ပါ၊ ပြဿနာလုံးစုံပယ်ရှား၊ ကိုယ်တော်ဖြေရှင်းမူပါ၊ ကျွန်ုပ်၌ကိန်းဝပ်မူပါ၊ အလိုတော်အတိုင်းသာ၊ အသုံးပြုတော်မူခြင်းငှါ၊ ဘုန်းတော်ထင်ရှားစေပါ။ ဗိမာန်တော်ကိုပြုုပြုင်ပြီး၊ အပြစ်နှင့်ကင်းစင်ပါ၊ ကိုယ်တော်၏ဘုန်းတန်ခိုးကြီး၊ အတွင်းမှထွန်းလင်းရှာ၊ ကပ်ကမ္ဘာကြီးတိတ်ဆိတ်နေ၊ ကိုယ်တော်၏ကျေးကျွန်များ၊ ယခုအချိန်မှစပေ၊ လိုတော်အတိုင်းလှုပ်ရှား။ အသင်းတော်သားတိုင်းမကျန်၊ ခေါ်တော်မူသံနာခံ၊ မှုတော်ကိုထမ်းဆောင်ရွက်ရန်၊ အဆင်သင့်ရှိသည်မှန်၊ မပြတ်ထံတော်တွင်ခံစား၊ပင်ပန်းညည်းညူမဲ့စွာ၊ ကိုယ်တော်ရှင်ပြုသမျှအား၊ ကိုယ်တော်ဖြေရှင်းမူပါ။ ငဲ့ကွက်ငြင်းဆန်ခြင်းမဲ့လျက်၊ ထံတော်တွင်စံစားပေ၊ အလိုတော်များကိုဆောင်ရွက်၊ အဆင်သင့်ရှိလျက်နေ၊ ဘုရင်တို့၏ဘုရင်မြတ်၊ ကျွန်ုပ်၌ကိန်းဝပ်ပါ၊ ပြဿနာလုံးစုံပယ်ရှား၊ ကိုယ်တော်ဖြေရှင်းမူပါ။