Artists: Fanny J. Crosby (1826-1915)
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီ၊ ကိုယ်တော်ချစ်ကြောင်းကိုသိသည်၊ ယုံကြည်ခြင်းဖြင့်ကိုယ်တော်ထံပျံတက်မည်၊ ခြေတော်ရင်းမှာနေလိုသည်။ ကိုယ်တော်သေခံကပ်တိုင်တော်နားကို၊ ကျွန်ုပ်သာ၍နီးစေပါ၊ သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါကိုယ်တော်အပါး။ ကိုယ်တော်မှုဆောင်ရန်ခွဲခန့်မှတ်သားပေ၊ ထူးဆန်းမေတ္တာတန်ခိုးတွင်၊...
Download the app for full lyrics and more...
ခေါ်တော်မူသံကိုကျွန်ုပ်ကြားရပြီ၊ ကိုယ်တော်ချစ်ကြောင်းကိုသိသည်၊ ယုံကြည်ခြင်းဖြင့်ကိုယ်တော်ထံပျံတက်မည်၊ ခြေတော်ရင်းမှာနေလိုသည်။ ကိုယ်တော်သေခံကပ်တိုင်တော်နားကို၊ ကျွန်ုပ်သာ၍နီးစေပါ၊ သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါကိုယ်တော်အပါး။ ကိုယ်တော်မှုဆောင်ရန်ခွဲခန့်မှတ်သားပေ၊ ထူးဆန်းမေတ္တာတန်ခိုးတွင်၊ ကျွန်ုပ်၏ဝိညာဉ်မျှော်လင့်မြဲမြံစေ၊ လိုရာကိုယ်တော်၌ရှာချင်။ ကိုယ်တော်သေခံကပ်တိုင်တော်နားကို၊ ကျွန်ုပ်သာ၍နီးစေပါ၊ သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါကိုယ်တော်အပါး။ ကိုယ်တော်မြတ်ရှေ့တွင်ဆုတောင်း၍နေချင်၊ ပလ္လင်တော်နားချဉ်းကပ်ကာ၊ မိတ်ဆွေချင်းကဲ့သို့တောင်းပန်ပြောဆိုချင်၊ ထူးပင်ကျွန်ုပ်နှစ်သက်ပါ။ ကိုယ်တော်သေခံကပ်တိုင်တော်နားကို၊ ကျွန်ုပ်သာ၍နီးစေပါ၊ သာ၍နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါကိုယ်တော်အပါး။