Artists: Elizabeth Cecelia Clephane, 1830-1869
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လက်ဝါးကပ်တိုင်တော်အောက်တွင်၊ ကျွန်ုပ်ခိုလှုံလိုလေ၊ နေပူပြင်းသောဒေသ၌ပင်၊ ကျောက်လုံးကြီးရိပ်လိုပေ။ ဒေါသမုန်တိုင်းကျသောအခါ၊ ဘေးပေါင်းကွယ်ကာရာတည်း။ ဝန်လေးသောသူဝန်ချထားရာ၊ မောသူနားရာပေတည်း။ ထိုတိုင်တော်မြတ်အပေါ်တွင်၊ တစ်ရံတစ်ခါကြည့်သော်၊ ကျွန်ုပ်တွက်သေခံသဏ္ဌာန်ပင်၊ ကျွန်ုပ်မြင်သည်ထင်ပေါ်။...
Download the app for full lyrics and more...
လက်ဝါးကပ်တိုင်တော်အောက်တွင်၊ ကျွန်ုပ်ခိုလှုံလိုလေ၊ နေပူပြင်းသောဒေသ၌ပင်၊ ကျောက်လုံးကြီးရိပ်လိုပေ။ ဒေါသမုန်တိုင်းကျသောအခါ၊ ဘေးပေါင်းကွယ်ကာရာတည်း။ ဝန်လေးသောသူဝန်ချထားရာ၊ မောသူနားရာပေတည်း။ ထိုတိုင်တော်မြတ်အပေါ်တွင်၊ တစ်ရံတစ်ခါကြည့်သော်၊ ကျွန်ုပ်တွက်သေခံသဏ္ဌာန်ပင်၊ ကျွန်ုပ်မြင်သည်ထင်ပေါ်။ မြင်ရတိုင်းမျက်ရည်ကျသဖြင့်၊ အံ့ဖွယ်နှစ်ခုတွေ့သည်။ အတုမရှိမေတ္တာတော်နှင့်၊ ကိုယ်၏ယုတ်ညံ့ခြင်းတည်း။ ထိုတိုင်တော်မြတ်အရိပ်သာ၊ ကျွန်ုပ်ခိုရာဖြစ်စေ၊ မျက်နှာရောင်ခြည်ထွန်းတောက်မူရာ၊ ကျွန်ုပ်အလင်းဖြစ်လေ။ လောကဆင်းရဲစည်းစိမ်ထဲဝယ်၊ အရှုံးအမြတ်မထင်။ ကိုယ့်ပြစ်ကိုသာရှက်ရာဖြစ်ဖွယ်၊ တိုင်တော်၌ဝါကြွားချင်