Artists: Augustus Montage Toplady, 1740-1778
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။ နံတော်မှစီးသောသွေးရည်၊ အပြစ်အနာဆေးကြောစေ၊ ပြစ်တန်ခိုးဒုစရိုက်မှ၊ ကယ်တင်တော်မူခြင်းခံရ။ ပညတ်တော်မြတ်စုံလင်စွာ၊ မဆောင်ရွက်မကျင့်နိုင်ပါ။ မည်မျှစိတ်အားကြီးသော်လည်း၊ မျက်ရည်အစဉ်ကျယိုစီး၊ ပြစ်အားလုံးမဖြေနိုင်ရာ၊ ကိုယ်တော်သာလျှင်ကယ်နိုင်ပါ။...
Download the app for full lyrics and more...
မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ။ နံတော်မှစီးသောသွေးရည်၊ အပြစ်အနာဆေးကြောစေ၊ ပြစ်တန်ခိုးဒုစရိုက်မှ၊ ကယ်တင်တော်မူခြင်းခံရ။ ပညတ်တော်မြတ်စုံလင်စွာ၊ မဆောင်ရွက်မကျင့်နိုင်ပါ။ မည်မျှစိတ်အားကြီးသော်လည်း၊ မျက်ရည်အစဉ်ကျယိုစီး၊ ပြစ်အားလုံးမဖြေနိုင်ရာ၊ ကိုယ်တော်သာလျှင်ကယ်နိုင်ပါ။ ကျွန်ုပ်၌ကုသိုလ်မရှိ၊ ကိုယ်တော်သာမှီတွယ်ရာရှိ။ လက်ချည်းသက်သက်ထံတော်သို့၊ လာသည်ကျေးဇူးတော်ခိုဖို့၊ ဆိုးယုတ်လျက်ထံတော်ပြေးလာ၊ မကယ်လျှင်အမှန်သေရာ။ အသက်ရှူရှိုက်နေစဉ်ခါ၊ မျက်စိမှိတ်၍စုတေရာ။ မြင့်ရွှေဘုံသို့ပြန်တက်ကြွ၊ ပလ္လင်တော်ကိုဖူးမြင်ရ၊ မြဲတည်ကျောက်ကျွန်ုပ်ဖို့ကွဲ၊ ကိုယ်တော်၌ခိုစေမှီဝဲ