Artists: William James Kirkpatrick
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဘုရားမှဝေးစွာသွားမိပြီ၊ ခုထံတော်ပြန်မည်၊ အပြစ်လမ်းကိုလိုက်ခြင်းကြာပြီ၊ အိမ်တော်သို့ပြန်မည်။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ ဖိုးထိုက်နှစ်များဖြုန်းတီးခဲ့ပြီ၊ ခုထံတော်ပြန်မည်၊ မျက်ရည်ကျလျက်နောင်တရပြီ၊ အိမ်တော်သို့ပြန်ပြီ။ ပြန်လာပြီ၊ ပြန်လာပြီ၊...
Download the app for full lyrics and more...
ဘုရားမှဝေးစွာသွားမိပြီ၊ ခုထံတော်ပြန်မည်၊ အပြစ်လမ်းကိုလိုက်ခြင်းကြာပြီ၊ အိမ်တော်သို့ပြန်မည်။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ ဖိုးထိုက်နှစ်များဖြုန်းတီးခဲ့ပြီ၊ ခုထံတော်ပြန်မည်၊ မျက်ရည်ကျလျက်နောင်တရပြီ၊ အိမ်တော်သို့ပြန်ပြီ။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ ပြစ်၌ကျင်လည်ခြင်းရွံရှာပြီ၊ ခုထံတော်ပြန်မည်၊ မေတ္တာတော်နှင့်ကတိယုံကြည်၊ အိမ်တော်သို့ပြန်ပြီ။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ မျှော်လင့်ခြင်းနှင့်ထုချေချက်မှာ၊ ခုထံတော်ပြန်မည်၊ ယေရှုကျွန်ုပ်တွက်သေခံရှာ၊ အိမ်တော်သို့ပြန်ပြီ။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။ ကိုယ်တော်သွေး၌ဆေးကြောလိုပါ၊ ခုထံတော်ပြန်မည်၊ မိုးပွင့်ထက်ဖြူစွာဆေးကြောပါ၊ အိမ်တော်သို့ပြန်မည်။ ပြန်လာပြီ၊ ပြန်လာပြီ၊ နောင်ဘယ်မျှမလည်၊ မေတ္တာလက်ဖြန့်တော်မူသည်၊ အိမ်တော်သို့ပြန်ပြီ။