Artists: W. A. Ogden
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်သည်၊ လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိပါ၊ အရွယ်ကောင်းစဉ်ခါလာလေ၊ နုနယ်စဉ်ခါလာချေ၊ လုံခြုံသောခြံတွင်းဝင်ပါ၊ သစ္စာလမ်းသို့ဝင်လေ။ မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊ လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။ သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊...
Download the app for full lyrics and more...
ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်သည်၊ လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိပါ၊ အရွယ်ကောင်းစဉ်ခါလာလေ၊ နုနယ်စဉ်ခါလာချေ၊ လုံခြုံသောခြံတွင်းဝင်ပါ၊ သစ္စာလမ်းသို့ဝင်လေ။ မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊ လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။ သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊ ယေရှုကျွန်ုပ်သိုးထိန်းပေ။ ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်တွက်သက်တော်စွန့်ရှာ၊ ဖြည်းညင်းစွာသင့်ကိုခေါ်သည်၊ လမ်းလွဲသူငါ့ထံလာ၊ ခြံပြင်မှာဘေးရန်ရှိပေ၊ မြန်စွာဝင်ရန်ခေါ်သည်၊ လုံခြုံသောခြံသို့ဝင်လေ၊ နားရန်အခန်းရှိသည်။ မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊ လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။ သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊ ယေရှုကျွန်ုပ်သိုးထိန်းပေ။ ဖင့်နွှဲခြင်းသည်မိုက်မဲပေ၊ ယနေ့တောခွေးတို့မှာ၊ လမ်းလွဲသိုးများကိုရှာနေ၊ သိုးငယ်များသတ်ဖို့ရာ၊ ချစ်သိုးထိန်းရှင်ယေရှုသည်၊ သင့်ကိုလာရန်ခေါ်၏၊ လုံခြုံသောသိုးခြံတွင်းမှာ၊ နားရန်အခန်းရှိ၏။ မေတ္တာနှင့်သိမ်မွေ့စွာကိုယ်တော်ခေါ်နေ၊ လမ်းလွဲသူ၊ လမ်းလွဲသူ၊ ငါ့ထံလာချေ။ သည်းခံလျက်ထိုမှာရပ်နေကြောင်းမြင်လေ၊ ယေရှုကျွန်ုပ်သိုးထိန်းပေ။