Artists: Philip P. Bliss, 1838-1876
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကြားရသောသူများသတင်းကိုကြော်ငြာ၊ ထိုမင်္ဂလာသတင်းလောကလုံးလွှတ်ပါ၊ ဝမ်းမြောက်ဖွယ်သတင်းလူရှိရပ်မှာပြောလေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများ၊ လာလိုသောသူများ၊ ကြော်ငြာခြင်းကိုအရပ်တိုင်းသို့ဆောင်ယူသွား။ ချစ်သောအဖခေါ်နေလမ်းလွဲသောသူတွေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများဖင့်နွှဲမရှိရာ၊...
Download the app for full lyrics and more...
ကြားရသောသူများသတင်းကိုကြော်ငြာ၊ ထိုမင်္ဂလာသတင်းလောကလုံးလွှတ်ပါ၊ ဝမ်းမြောက်ဖွယ်သတင်းလူရှိရပ်မှာပြောလေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများ၊ လာလိုသောသူများ၊ ကြော်ငြာခြင်းကိုအရပ်တိုင်းသို့ဆောင်ယူသွား။ ချစ်သောအဖခေါ်နေလမ်းလွဲသောသူတွေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများဖင့်နွှဲမရှိရာ၊ ခုခါတံခါးဖွင့်ထားဝင်နိုင်စဉ်ဝင်ပါ၊ ယေရှုရှင်သာသစ္စာသက်ရှင်လမ်းပြပေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများ၊ လာလိုသောသူများ၊ ကြော်ငြာခြင်းကိုအရပ်တိုင်းသို့ဆောင်ယူသွား။ ချစ်သောအဖခေါ်နေလမ်းလွဲသောသူတွေ၊ လာလိုသူများလာနိုင်ချေ။ ကတိတော်မြတ်ကားခိုင်လုံစိတ်ချရာ၊ လာလိုသောသူကားအစဉ်သည်းခံကြရာ၊ လာလိုသောသူအားထာဝရသက်ရပေ၊ လာလိုသူများလာနိုင်ချေ။ လာလိုသောသူများ၊ လာလိုသောသူများ၊ ကြော်ငြာခြင်းကိုအရပ်တိုင်းသို့ဆောင်ယူသွား။ ချစ်သောအဖခေါ်နေလမ်းလွဲသောသူတွေ၊ လာလိုသူများလာနိုင်ချေ။